စကားပြောနေရင်းက ရှောင်ကျန့်ရဲ့
လက်သည်းကြည်လေးတွေကို
လက်မနဲဖိပွတ်နေပြန်တယ်။

"ဘာလို့ အော်မထုတ်ခဲ့တာလဲ.."

"မင်းပဲလူတွေအပေါ် အဲ့လိုမဆက်ဆံရဘူးဆို။
မင်းစကားဆို တဝေမသိမ်း နားထောင်တာ
ခုထိမသိသေးဘူးလား။ဒါတော့လွန်သွားပြီနော်
ရှောင်ကျန့်...မင်းငါ့ကိုအလေးမထား......."

ခေါင်းကိုမော့ရင်းဇက်လှန်ပြီး ရန်တွေ့နေတဲ့
ရိပေါ် ရဲ့နှုတ်ခမ်းတွေ စကားတိတ်သွားတာ
ရုတ်တရက် လာထိကပ်တဲ့ ငတုံးလေးရဲ့
အနမ်းတွေကြောင့်။

အံ့သြလွန်းလို့ တစ်ကိုယ်လုံးပူလောင်လာတယ်။
သူ့ရဲ့ပထမဆုံး အနမ်းလေးကို
ငတုံး ဒီလိုဗရုတ်သုတ်ခနဲ့ သိမ်းသွားမယ်လို့
အိမ်မက်တောင်မမက်ဖူးဘူး။

ထိကပ်ထားတဲ့ ငတုံးနှုတ်ခမ်းလေးကို
လှမ်းစုတ်ယူလိုက်တော့
ငတုံးက နှုတ်ခမ်းချင်းခွာဖို့ပြင်ပေမဲ့
ငတုံးခေါင်းကို လက်နဲ့ဆွဲဖိရင်း
အနမ်းတွေကို ရှေ့ဆက်မိတယ်။

ချိုအိအိနဲ့ ငတုံး နှုတ်ခမ်းလေးက
သူ့ ခံတွင်းထဲမှာ ပျော်ကြတော့မဲ့
သကြားလုံးလေးလို။

အနမ်းတွေကိုမတုန့်ပြန်ပေမဲ့
မျက်ခုံးလေးကိုစုထားတဲ့ ငတုံးက
နှုတ်ခမ်းလေးကိုတော့ အနည်းငယ်လေး
ပွင့်ဟပေးထားတယ်။

မဆိုးပါဘူး နမ်းလို့ကောင်းသားပဲ။

ငတုံးခွင့်ပြုရင်အားရပါးရနမ်းမယ်
ဆိုပြီး ပြင်သစ်ကားတွေကြည့်ပြီးကျင့်ထားသမျှ ခုတော့တကယ်
အသုံးဝင်လာပြီ။

ကျင့်ထားသလိုနမ်းခဲ့တာတော့မဟုတ်ဘူး။
စိတ်စေရာနောက်လိုက်သွားတဲ့ အနမ်းတွေက
ရမ္မက်မပါဘဲ ဖြူစင်မှုအတိ။

〰️〰️〰️〰️〰️〰️

"ချစ်တယ်..."

ရင်ခွင်ထဲက ကောင်လေးရဲ့ ဆံပင်တွေကို
နမ်းရိုက်ရင်းပြောတော့ ချစ်စရာကောင်းတဲ့
ယုန်ပေါက်လေးကို မျက်နှာလေးကို
ဖွက်နေတာ အသည်းယားစရာ။
ရှက်မှာပေါ့...ဆိုဖာပေါ်မှာ အိပ်မယ်
လုပ်နေတဲ့ကောင်လေးကို
အတင်းပွေ့ပြီး ရင်ခွင်ထဲ ထည့်ဖက်ထားတာကို။

Represented by Cinderella{Completed}Where stories live. Discover now