"အန်ကယ်..ရှင်ဘာလုပ်နေတာလဲ?"

"မင်း zombie virusကူးစက်ခံနေရပြီ။"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုလက်မောင်းထဲ အပ်ကိုအရမ်းနက်အောင်ထိုးသွင်းလိုက်တာကြောင့် အပ်တစ်ချောင်းလုံးက သူမအသားထဲနစ်ဝင်သွားသည်။ သေအောင်နာတယ်ဟ! Fuck! သူနည်းနည်းလောက်ပိုပြီး ညင်သာပေးလို့မရဘူးလား?

အဲ့ဒီ့နောက်မှာ ပြသနာတစ်ခုရှိနေသေးတာကို နဉ်ရှုနားလည်သွားတော့သည်။ သူမက zombieတစ်ကောင်ကြောင့် ဒဏ်ရာရသွားပြီး virusကူးစက်ခံနေရပြီ။ ဒီတော့ သူမ zombieတစ်ကောင်ဖြစ်သွားမှာတော့ မဟုတ်ဘူးမလား?

Fuck! ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ကျောင်းဆရာဝန်အန်ကယ်က ကူးစက်ခံနေရတဲ့ အထူးအေးဂျင့်တစ်ယောက်ကို တွေဝေတုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ သတ်ပစ်လိုက်တာကို သတိရသွားပြီး သူမကိုလည်း အဲ့လိုပဲလုပ်မှာလားဆိုတာ မနေနိုင်တော့ဘဲ သိချင်သွားသည်။

နဉ်ရှု ကျောဆီက နာကျင်မှုကိုသည်းခံရင်း အန်ကယ့်ကိုမေးလိုက်သည်။

"အန်ကယ်..ရှင် ကျွန်မကို ဘာထိုးပေးလိုက်တာလဲ?"

သူမတို့က ရင်းနှီးတဲ့လူတွေလို့သူယူဆပြီး ညင်ညင်သာသာဇီဝိန်ခြွေပေးတဲ့ဆေးထိုးပေးလိုက်တာတော့ မဟုတ်လောက်ပါဘူးနော်?

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုမျက်မှောင်ကြုပ်ကာကြည့်လာသည်။

"ဒီဆေးက virusကြောင့် မင်းဦးနှောက်ပျက်ဆီးသွားမှာကို အခြေအနေတစ်ခုအထိကာကွယ်ပေးနိုင်တယ်။"

ဒါကိုကြားတဲ့အခါ နဉ်ရှုစိတ်သက်သာရာရသွားပြီး သက်ပြင်းကြိတ်ချလိုက်သည်။ အန်ကယ်က သူမကို ချက်ချင်းကြီးတော့သတ်မပစ်လောက်ပါဘူးလေ။ သူက သူမကို သုတေသနလုပ်စရာပစ္စည်းတစ်ခုအဖြစ် ထိမ်းသိမ်းထားဦးမှာပဲ။ ဒါက အတော်လေးကောင်းတယ်။

"အန်ကယ်..ကျွန်မကို အကိုက်အခဲပျောက်ဆေးနည်းနည်းပေးလို့ရမလား?"

နာကျင်လွန်းတာကြောင့် သူမသေတော့မယ်လို့ပင် နဉ်ရှုခံစားနေရသည်။ zombieကုတ်ဆွဲလိုက်တဲ့နေရာတစ်ဝိုက်က ပူလောင်နေပြီး မီးလိုအပူမျိုးက သူမတစ်ကိုယ်လုံးကို စတင်ပျံ့နှံ့လာသည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now