မျက်ဝန်းလွှာ 💜25💜

1.3K 48 0
                                    

Unicode
********

ပစ္စုပ္ပန်

" ကျွန်တော် နဲ့ ပိုးက ဒါဆို...ဒါဆို....''

" ဟုတ်တယ် တိမ်စိုင်....... မင်းနဲ့ ပိုးက မောင်နှမ တွေ..... ၊ ဒါတွေကို ပိုးတို့ကို ပြောပြခဲ့တာ မဟုတ်ဘူးနော်..... ၊ ပိုးရဲ့ ဒိုင်ယာရီ ကို မကြာသေးခင်ကမှ ဖတ်မိလို့ တို့ သိရတာ ...၊ ပိုး တစ်ယောက် ထဲ ဘယ်လောက်တောင် ကြိတ်ခံစားခဲ့ရမလဲ၊ တို့တော့ ဒီအကြောင်းတွေ သိပြီး ကတည်းက ည ညဆို အိပ်မပျော် ပါဘူးကွယ်''

ဒီအချိန်မှာ တိမ်စိုင် သည် လောကကြီးနှင့်အဆက်အသွယ်ပြတ်ကာ အငွေ့ပျံ ပျောက်ဆုံးသွားချင်တော့သည်။

ရင်ထဲ ဘာတွေခံစားနေရသလဲ မပြောတတ်တော့။

ပိုး နှင့် သူ့အကြောင်း တွေးမိပါက ဝမ်းနည်းနာကျင်စရာ ကောင်းသည်။

မေမေ့ လုပ်ရပ်အကြောင်းတွေးမိပါက သူ မေမေ့ကို စိတ်ဆိုးရမှာလား။
ဒေါသထွက် ပေါက်ကွဲ ပစ်လိုက်ရမှာလား။
သူ့ အတွက် လုပ်ခဲ့ တာပဲ ဆိုပြီး ကျေနပ်ဖြေသိပ့် ရမလား။

တိမ်စိုင် ဘာဆိုဘာမှ မတွေးချင်တော့။

ဒါဆို လွှမ်း....

လွှမ်းရော ဒီအကြောင်းတွေ သိပြီးသွားပြီးလား။
အခု လွှမ်း ဘယ်လိုနေနေ မလဲ။

ခင်ယမင်းနဲ့ လမ်းခွဲ ပြီးသည့်နောက် တိမ်စိုင် ဦးတည်ရာသည် လွှမ်းဆီ ဖြစ်သည်။

ဘာအတွက်ကြောင့် လွှမ်း ဆီ ဦးတည်မိမှန်း တိမ်စိုင် မသိ။

မျက်ဝန်းလွှာ တွေကို မြင်ချင်လို့လား။

သို့မဟုတ်

သူအခု ခံစားနေရတာတွေကို လွှမ်းက ကုစားပေးနိုင်မယ်လို့ ယူဆ လို့လား။

သူမသိ။ ဘာဆိုဘာမှ သူမသိ။

သေချာတာ တစ်ခုက အခုချိန်မှာ သူ့အာရုံထဲ လွှမ်း ပဲ ရှိနေတယ် ဆိုတာ ပင်.......

##########

အိမ်ရှေ့မှာ တိမ်စိုင် ရောက်နေသည်ဆိုသော အသိ သည် လွှမ်းအား စိတ်လှုပ်ရှားစေခဲ့သည်။

ငါက သူ့ ချစ်သူ ရဲ့ မျက်ကြည်လွှာ ကို လက်ခံ ထားတဲ့လူဆိုတာ သူသိရင် ငါ့အပေါ် သူ ဘယ်လိုဆက်ဆံတော့မှာလဲ ဆိုပြီး တွေးနေတုန်း ရှိသေးသည့် အချိန်မှာ တိမ်စိုင် က မိမိ အိမ်ရှေ့ သို့ ရောက်လာခဲ့ပြီး။

မျက်ဝန်းလွှာ (Completed) Where stories live. Discover now