မျက်​ဝန်းလွှာ 💜14💜

1K 50 0
                                    

Zawgyi

အိပ်​ယာထက်​တွင်​ လူးလိမ့်​ရင်း အ​တွေး​ပေါင်းစုံတို့ဖြင့်​ တိမ်​စိုင်​ အိပ်​၍ မရခဲ့ပါ။

မိမိကိုယ်မိမိ အဖန်​ဖန်​ သုံးသပ်​သည်​။

ငါဟာ ဒီလို လူတစ်​​ယောက်​ လား.......

ပိုးနဲ့ ချစ်​ကြိုက်​ခဲ့စဉ်​အခါက တိမ်​စိုင်​သည်​ ပိုးရဲ့လက်​ကို ကိုင်​ရုံမှလွဲ၍ ပိုး၏ မျက်​နှာ ကို​တောင်​ တစ်​ခါမှ နမ်းရှိုက်​ခဲ့ဖူးသည်​မဟုတ်​။ ဤသည်​မှာလည်း ပိုးအ​ပေါ် ထားသည့်​ ဖြူ  စင်​သည့်​ အချစ်​​ကြောင့်​ဟု သူထင်​သည်​။

ပိုးနှင့်အတူ ပရဟိတအလုပ်​ လုပ်​ရင်း အတူတူ မြင်​​တွေ့ရသည့်​အခါ တိမ်​စိုင်​ စိတ်​လှုပ်​ရှားခဲ့သည်​။ ပိုးကို စိတ်​ဝင်​စားခဲ့သည်​။ ပိုးအ​ကြောင်း ခ​ရေ​စေ့တွင်းကျ သိရသည့်​အခါ ပိုးအ​ပေါ် တိမ်​စိုင်​  ဂရုဏာ သက်​မိသည်​မှာ အမှန်​။ သနားသည့်​စိတ်​​ကြောင့်​​ရော၊ ပိုးသည် အိ​နြေ္ဒသိက္ခာနှင့်​ ပြည့်​စုံ သည့်​ မိန်းက​လေး တစ်​​ယောက်​ဖြစ်​သည့်​ အတွက်​​ကြောင့်​​ရော  တိမ်​စိုင်​ သည်​ သူ့အတွက်​ ပြီးပြည့်​စုံကာ သူနှင့်​ ထိုက်​တန်​သည့်​ မိန်းက​လေး ဟု ယူဆပြီး ပိုးကို ချစ်​ခဲ့သည်​။ တကယ်​လည်း တိမ်​စိုင်​ချစ်​ခဲ့သည်​။

ပိုး ဆုံးသွားတဲ့ အခါမှာ တိမ်​စိုင်​ ကမ္ဘာပျက်​မတတ်​ခံစားခဲ့သည်​။ မိမိ မရှိ​နေစဉ်​ကာလ အတွင်းမှာ ဖြစ်​ပျက်​သွားသည့်​ ကိစ္စ ရပ်​များကို တိမ်​စိုင်​မယုံချင်​ခဲ့ပါ။ တိမ်​စိုင့်​ရင်​ထဲ အချစ်​တို့ ​ပျောက်​ကွယ်​ကာ နှလုံးသားတို့သည်​လည်း အ​မှောင်​ကျ ခဲ့ရသည်​။

အချစ်​ဟူသည့်​ ခံစားချက်​......

ရင်​ခုန်​ခြင်း ဟူသည့်​ ခံစားချက်​....

နှလုံးသား ထဲက ခံစားချက်​.....

စသည်​တို့ ​ပျောက်​ပျက်​ကုန်​သည်​။

သို့​သော်​........ ထို မျက်​ဝန်းလွှာ တစ်​စုံ........

မိဘမဲ့ ​ဂေဟာ တစ်​ခုမှာ တိုက်​မိရာမှ စတင်​ခဲ့​သော ထိုမျက်​ဝန်းတစ်​စုံသည်​ တိမ်​စိုင်​ အား လှုပ်​ခတ်​သွား​စေသည်​။

မျက်ဝန်းလွှာ (Completed) Where stories live. Discover now