မျက်​ဝန်းလွှာ 💜1💜

6.5K 173 3
                                    

   Zawgyi    

" ပိုး တို့လမ်းခွဲကြရ​အောင်​ ​မောင်​ ''

စိမ်းလဲ့​နေ​သော ကန်​​ရေပြင်​ကို​ငေးရင်း ​အေး​ဆေးတည်​ငြိမ်​စွာ ဖြင့်​ ချစ်​သူဖြစ်​သူ တိမ်​စိုင်​ အား ပိုးဝတ်​လွှာ ဆိုလိုက်​သည်​။ ပိုး ၏ မျက်​နှာတွင်​ အမုန်းတို့ရှိမ​နေ။ ခံစားချက်​မဲ့​သော၊ ​သွေးမရှိ​သော ၊ ဝမ်းနည်းလွမ်းဆွတ်​ခြင်းတို့ဖြင့်​ ပြည့်​နှက်​​နေ​သော မျက်​နှာဖြင့်​ အ​ကြောင်းမဲ့စွာ လှပ​သော ကန်​​ရေပြင်​ ကို ပိုး ​ငေးကြည့်​​နေလိုက်​မိသည်​။ 

လောကကြီးသည်​ တစ်​ခါတ​လေ တရားမျှတခြင်းတို့ ကင်းမဲ့​နေတတ်​သည်​။ ပိုးအတွက်​က​တော့ တစ်​ခါတ​လေ မှ မဟုတ်​ပါဘူး။ အမြဲလိုလို မတရား​ပေ။  အတိတ်​ဘဝက ပိုး သည်​ မ​ကောင်းမှု များစွာကို ကျုးလွန်​ ခဲ့​လေသလား မသိ။
ယခု ဘဝ၌ ဝဋ်​​ကြွေးများစွာကို အတိုးချ ​ပေးဆပ်​​နေရသည်​ဟု ထင်​သည်​။

    " ဘယ်​လိုဖြစ်​ရတာလဲ ပိုးရယ်​ ၊ ကိုယ်​ဖုန်းဆက်​တာလဲ မကိုင်​ဘူး၊ ကိုယ့်​မှာ စိတ်​ပူလိုက်​ရတာကွာ ''

ကန်​​ရေပြင်​ အား ​ငေးကြည့်​​နေသည့်​ ပိုးဝတ်​လွှာ ရဲ့
ခန္ဓာကိုယ်​​လေးအား တိမ်​စိုင်​ သည်​ မိမိဘက်​သို့ အသာအယာ ဆွဲလှည့်​ကာ စိုးရိမ်​တကြီး စကား ဆိုလိုက်​သည်​။
 
  "ပိုး ​တောင်းပန်​ပါတယ်​ ​မောင်​ ''

အ​ရောင်​​ဖျော့​သော မျက်​ဝန်းတို့သည်​ ​မောင့်​အား မကြည့်​။
ခေါင်းငုံ့ကာ အသက်​မပါ​သော ​တောင်းပန်းစကားကိုသာ ပိုး ဆိုနိုင်​​တော့သည်​။

" ပိုး ဘာဖြစ်​ ​နေတာလဲဟင်​၊ ​နေမ​ကောင်း ဘူးလား၊
 ပိုးမျက်​နှာလည်း မ​ကောင်းဘူး ''

" ပိုး ​နေ​ကောင်း ပါတယ်​ ​မောင်​ရယ်​ ''

" မဟုတ်​​သေးဘူး ပိုး၊ ပိုးတစ်​ခုခု ဖြစ်​​နေတယ်​ ၊
ကိုယ့်​ကို ​ပြောပြကွာ ၊ ပိုးနဲ့ကိုယ်​က ချစ်​သူ​တွေ​လေ ပိုးရဲ့ ၊ ပိုး တစ်​ခုခုဖြစ်​တယ်​ဆိုရင်​ ကိုယ့်​ကို ရင်​ဖွင့်​ တိုင်​ပင်​ရမှာ​လေ၊ ''

" မဟုတ်​ပါဘူး ​မောင်​.....''

" ဒါဖြင့်​ ဘာလို့ လမ်းခွဲ စကား ဆိုရတာလဲ.... ''

မျက်ဝန်းလွှာ (Completed) Where stories live. Discover now