မျက်​ဝန်းလွှာ 💜17💜

1K 49 0
                                    

Zawgyi

  သူရမုဏ်း ဆိုသူရဲ့ ရင်​ခွင်​ထဲ လွှမ်း​ရောက်​​နေတဲ့ မြင်​ကွင်းကို မြင်​ပီးတဲ့​နောက်​ တိမ်​စိုင့်​ဆီ ​နွေဦးဖုန်းဝင်​လာတာ​ကြောင့်​ ​နွေဦး နဲ့ ဆိုင်​တစ်​ခုတွင်​ ​တွေ့ဖို့ ချိန်းလိုက်​သည်​။

အရက်​ဆိုင်​​တော့မဟုတ်​။
ကော်​ဖီ ဆိုင်​တစ်​ခုတွင်​ ဖြစ်​သည်​။

နွေဦး နဲ့ မ​တွေ့ဖြစ်​တာ ကြာပြီးမို့ တိမ်​စိုင်​ ချိန်း လိုက်​ခြင်းပင်​။
ရင်​ဖွင့်​ စရာ ​လေး​တွေကို ရင်​ဖွင့်​ရင်း ​နွေဦး ဆီက အကြံယူသင့်​တာယူရ​အောင်​မို့။

တိမ်​စိုင့်​မှာကလည်း ငယ်​စဉ်​ကတည်းက ​ပေါင်းလာတဲ့သူငယ်​ချင်းဆိုလို့ ​နွေဦး ပဲရှိတာ.......
လွပ်​လွပ်​လပ်​လပ်​ ရင်​ဖွင့်​ လို့ရတာလည်း ​နွေဦး ပင်​ရှိသည်​။

" မင်းဆိုင်​ ပြင်​ဆင်​မှု အပိုင်း​တွေ အဆင်​​ပြေရဲ့လား"

"​ပြေပါတယ်​ ကွာ''

"အင်း.... လိုအပ်​တာ ရှိရင်​လည်း ​ပြော​နော်​ ၊ ငါကူညီ နိုင်​တာ ရှိရင်​လည်း ကူညီ​ပေးမယ်​ ''

"​ကျေးဇူး သူငယ်​ချင်းရာ ''

"ဒါနဲ့ မင်းမျက်​နှာ မ​ကောင်းပါလား ၊ ဘာဖြစ်​လာတာလဲ ၊ မင်းအ​မေနဲ့ ပြဿ      နာ တက်​လာလို့လား ''

"မဟုတ်​ပါဘူး ကွာ ''

"အင်း....''

"​နွေဦး ''

"အင်း .....​ပြော​လေကွာ ''

" ငါမင်းကို ​ပြောစရာရှိတယ်​၊ အခု ငါ​ပြောလိုက်​လို့လဲ မင်းငါ့ကို ထင်​မြင်​ချက်​ မျိုးစုံနဲ့ ထင်​သွားနိုင်​တယ်​၊ အရင်​ဆုံးငါ​ပြောတာ နား​ထောင်​​ပေး''

"မင်းကွာ....အချင်းချင်း ​တွေ ​ပြောစရာ ရှိတာ​ပြော၊ မင်းမှားလား မှန်​လား ငါဆုံးဖြတ်​​ပေးမယ်​''

"ဒီလိုကွာ...... ၊ လူတစ်​​ယောက်​ ကို ငါ စစချင်း မြင်​လိုက်​တယ်​၊ သူ့မျက်​ဝန်း​တွေကို အရင်​ဆုံးသတိထားမိတယ်​၊ ငါရင်းနှီး​နေသလို ခံစားရတယ်​၊ ဒါ​ပေမယ့်​ သူ့ကို ပထမဦးဆုံး မြင်​ဖူးတာကွ၊ ပြီး​တော့ သူနဲ့ငါ ရင်းနှီးလာတယ်​၊ သူနဲ့ငါ ​နေ့တိုင်း​တွေ့ဆုံဖို့ ဖြစ်​လာတယ်​၊ ပြီး​တော့......''

မျက်ဝန်းလွှာ (Completed) Where stories live. Discover now