မျက်ဝန်းလွှာ 💜26💜

1.2K 54 0
                                    

Unicode
********

မီးအလှများထိုးထားသော အလှကြည့်မှန်ရှေ့တွင် မိမိ ကိုယ်ကို ကြည့်ရင်း လွှမ်း စိတ်လှုပ်ရှားမိသည်။

ဒီည နောက်ဆုံး final ပွဲ ကြီး ယှဥ်ပြိုင်ရတော့မည်။

လွှမ်းနှင့် ယှဥ်ပြိုင်မည့် တစ်ဖက်အသင်းမှ ပြိုင်ပွဲဝင်သည် မိသားစုဝင်များ သူငယ်ချင်း များနှင့် အားရစရာ ကောင်း အောင် လာရောက် အားပေးကြပေမယ့် လွှမ်း ထံမှာတော့ ဘယ်သူမှ မရှိ။

လွှမ်းအားငယ်မိသည်။

ခဏအကြာ တော့ ကိုတိုးနှင့် ဝေယံ ဝင်လာသည်။
သူတို့ကို တွေ့တော့ လွှမ်း အနည်းငယ် အားရှိလာသည်။

ဒီအချိန်မှာ တော့ လွှမ်း တစ်စုံတစ်ယောက်ကို မဝံ့မရဲလေး မျှော်လင့်နေမိသည်။
လွန်ခဲ့တဲ့ တတိယအပတ်နဲ့ စတ္တုထအပတ်မှာ တောင် ပေါ်မလာတာ အခုပွဲမှာလည်း သူလာလိမ့်မည်မထင်။

လွှမ်းကို ဘာမှ မပြောမဆိုနဲ့ အိမ်ရှေ့မှာ ခဏဖက်ပြီး ပြန်ထွက်သွားတဲ့ ညက စလို့ အခုချိန်ထိ တိမ်စိုင် နဲ့ မတွေ့ဖြစ်ခဲ့သလို၊ ဖုန်းဖြင့်လည်း အဆင်အသွယ် မလုပ်ဖြစ်ခဲ့ပါ။

အရင်ကလို လွှမ်းရွေးချယ်ခံရတိုင်း တိမ်စိုင့် ဆီမှ....

" အရမ်းတော် တယ် ငါ့ညီ '' ဟူသော ချီးကျူး စကားသံ များကို လွှမ်းကြားချင်မိသည်။

စိတ်ပင်ပန်းလာသည့်အခါ တိမ်စိုင် ဆီဖုန်းဆက်ပြီး ပြောပြချင်သည်။

တိမ်စိုင် နဲ့ လွှမ်း ကြား ပျောက်ဆုံးနေသော နွေးထွေးမှုလေးတွေကို လွှမ်း ပြန်လိုချင်မိတာ အမှန်။

တိမ်စိုင် နဲ့ ဆုံလိုက်တိုင်း လွှမ်းရဲ့ မျက်ဝန်းလေးတွေကို လွမ်းလွမ်းဆွေးဆွေးလေးကြည့်တတ်သည်ကို လွှမ်းသတိထားမိတာ ကြာခဲ့ပြီး ။

တစ်ခါတလေ မြတ်မြတ်နိုးနိုးနဲ့ လည်း ကြည့်တတ်သည်။

ဒီလို အပြုအမူတွေ ကို လွှမ်းအနည်းငယ် သာယာမိသည်။ သို့သော် ထိုအပြုအမူတွေရဲ့ အကြောင်း တရား ပေါ်ပေါက်လာ သည်ကို လွှမ်း သိလာရသည့်အခါ တိမ်စိုင်အပေါ်နားလည်လာသည်။

မျက်ဝန်းလွှာ (Completed) Место, где живут истории. Откройте их для себя