မျက်​ဝန်းလွှာ 💜9💜

1.2K 62 0
                                    

 🎵ဝင်​လာပါ​ခေါ်လို့ မဖြစ်​တဲ့ ဘဝ🎶ပြန်​ပါကွာ နှင်​မပြစ်​ရက်​တဲ့ခဏ🎵​တွေ​ဝေစွာ ငါ့အခန်း​လေးထဲမှာ🎶အိမ်​ပြင်​မှာ သူရပ်​​စောင့်​​နေလား🎵နာကျင်​စွာ ​ကြေကွဲရင်း ခံစား 🎶ဒီအချိန်​မှာ အ​ဖြေ မရှိပါ 🎵 ငါ ​တွေ​ဝေစွာ🎶

စင်​မြင့်​ထက်​ဝယ်​ ခံစားချက်​​ပေါ်လွင်​စွာ သီချင်းဆို​နေသည့်​ ​ကောင်​​​လေးကို သူရမုဏ်း မျက်​​တောင်​မခတ်​ စိတ်​ဝင်​စား စွာ ကြည့်​​နေမိသည်​။မူရင်းအဆိုရှင်​မှာ မိန်းက​လေး ဖြစ်​​သော်​လည်း အခု ​ယောကျား ​လေးပုံစံ Version ​ပြောင်းကာ ဆို​နေသည်​မှာ မူရင်းအဆိုရှင်​၏ လွှမ်းမိုးမှုလည်းမပါ၊ သီးချင်း၏ အနှစ်​လည်း ​ပျောက်​မသွား။

" ဘယ်​လိုလဲ ဆရာ ၊ ဒီ​ကောင်​​လေး က မဆိုးဘူး​နော်​၊အခု ကျွန်​​တော်​ ဆရာ့ ကို ဒီဆိုင်​​ခေါ်လာတဲ့ ရည်​ရွယ်​ချက်​ ကို သ​ဘော​ပေါက်​ ပြီးလား''

"မင်း ဆိုင်​​ရွေးတာ ​တော်​သားပဲ''

'ညစာလိုက်​​ကျွေးပါလား ဆရာ 'ဟူ၍ အတင်းပူဆာကာ သူ့ကိုဒီဆိုင်​​ခေါ်လာသည့်​အတွင်း​ရေးမှူးဖြစ်​သူမှာပြုံးလျက်​။

နာမည်​ကြီး Music Entertainment ကုမ္မဏီ တစ်​ခုရဲ့ Producer ဖြစ်​သူ သူရမုဏ်း သည်​ ကုမ္မဏီ အတွင်း ပြိုင်​ပွဲတစ်​ခု​ကြောင့်​ အ​တော်​ပင်​ပန်း ​ခေါင်း​နောက်​​နေရာမှ အခု ​ကောင်​​လေးကို ​တွေ့​တော့ စိတ်​ပင်​ပန်းမှု​တွေ အနည်းငယ်​ ​ပြေ​ပျောက်​ လာသလို။

ပြိုင်​ပွဲ ဆိုသည်​မှာ Entertainment က ကျင်းပတဲ့ လူငယ်​ သီးချင်းဆိုပြိုင်​ပွဲသက်​သက်​ မဟုတ်​။ သူရမုဏ်း တို့လို့ Producer ​တွေပါ ပြိုင်​ရသည့်​ပွဲဖြစ်​သည်​။ ကုမ္မဏီ က သူရမုဏ်း ကဲ့သို့ ​နောက်​ Producer တစ်​ဦး နှင့်​ ပြိုင်​ရသည့်​ပွဲပင်​။
ကြည့်​စမ်း ဘယ်​​လောက်​​တောင်​ ​ခေါင်း​နောက်​ရသည့်​ ကိစ္စ ဖြစ်​သလဲ။

"ဒီနှစ်အတွက်​ အဆို​တော်​အသစ်​ကို စင်​တင်တဲ့​နေရာမှာ ခါတိုင်းနှစ်​​တွေလို သီချင်း ဆိုပြိုင်​ပွဲ​တွေ၊ Audition ​တွေ ​ခေါ်​ရုံနဲ့မဟုတ်​ပဲ၊ ထူးထူးခြားခြား ဖြစ်​​အောင်​ producer ​တွေကို ပြိုင်​ခိုင်းမယ်​၊ ကိုယ်​စိတ်​တိုင်းကျမယ့်​ အဆို​ရှင်​ အသစ်​​တွေကို Producer က​နေ စိတ်​ကြိုက်​​ရွေးချယ်​ပြီး​တော့၊ ​ရွေးထားတဲ့ အဆိုရှင်​ အဖွဲ့ တစ်​ နဲ့ အဖွဲ့ နှစ်​ နှစ်​ဖွဲ့ကို
ကုမ္မဏီ ကဖိတ်​​ခေါ်ထားတဲ့ Judge ​တွေက​နေပြီး​တော့ အ​ကောင်းဆုံး တစ်​​ယောက်​ကို ​ရွေးချယ်​မယ်​၊ ပြီး​တော့ Album ထုတ်​​ပေးမယ်​၊ ကိုယ်​အဖွဲ့ရဲ့ အဆို​တော်​ ​ရွေးခံရမယ်​ဆိုလျှင်​ အဲဒီ အဆို​တော်​ ရဲ့ Procedure က အနိုင်​ရမယ့်​ သ​ဘော၊ အနိုင်​ရမယ့်​ သူက အထူး ခံစားခွင့်​​တွေရမှာပါ''

မျက်ဝန်းလွှာ (Completed) Where stories live. Discover now