မျက်ဝန်းလွှာ 💜23💜

1.1K 50 0
                                    

Unicode
********

ဒီလိုနှင့်ပင် ပိုး နဲ့ သူရိန်မုဏ်း တို့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြတယ်။

မုဏ်းရဲ့အဆက်အသွယ်ဖြင့် ဖိုးသားလေးကို စနေ၊တနင်္ဂနွေ ရက်တွေမှာ စာသင်ပေးဖြစ်ခဲ့တယ်။
မုဏ်းကတော့ အမြဲ လိုလို ပိုးကို အကြိုအပို့ လုပ်ပေးဖြစ်ခဲ့တယ်။ တစ်ခါတစ်လေ သူ့ ချစ်သူ ကောင်လေး ကိုလည်း ခေါ်လာဖြစ်ခဲ့တယ်။
မုဏ်းမအားလပ်တဲ့ ရက်တွေမှာတော့ ပိုး
ကိုယ့်ဘာသာကိုယ်ပဲ သွားလာရတော့သည်။

တိမ်စိုင် ကိုတော့ အကြောင်း စုံ ပိုးပြောပြဖြစ်ခဲ့သည်။

ဆူးခက်များဖြင့် ရှုပ်ထွေးလှသော အနာဂတ်ချစ်ခရီးလမ်းကို ခဏတာ မေ့ပျောက်ရင်း ပိုး စိတ်ချမ်းသာ စွာ နေ့ရက်များကို ဖြတ်သန်းဖြစ်ခဲ့ပါတယ်။

တစ်နေ့....

အဲဒီ မတိုင်ခင် နေ့အထိပေါ့.....

..................................

" ဆရာမ....ဆရာမ....''

" ဖိုးခွားလေး....ပြောလေ...ဆရာမကို ဘာပြောမလို့လဲ ''

စာသင်ပြီး အိမ်ပြန်ဖို့ စီစဉ် နေတုန်း မှာ ပင် သည်းကြီးမဲကြီး ရွာချလိုက်သော မိုးကြောင့် မိုးအစဲကို ပိုး ခဏလေး ထိုင်စောင့်နေလိုက်သည်။
အမြဲ လာမကြိုပါနဲ့ လို့ သူရိန်မုဏ်း ကို မှာထားသည့် စကားများသည် အခုလိုကျပြန်တော့ နောင်တရချင်လာသလိုလို။

" ဆရာမရဲ့ ဆွဲကြိုး လေ...သားရဲ့ဖွားဖွား ဆွဲကြိုး နဲ့ တူတူပဲ ''

"ဟင်....''

ရုတ်တရက် စကားဆိုလာသည့် ဖိုးခွားလေး ကိုကြည့်ရင်း ပိုး ရုတ်တရက်အံ့သြသွားမိသည်။

မိဘတွေထားခဲ့သည့်တစ်ခုတည်းသော အမွေဟုဆိုလို့ရသည့် လည်ဆွဲလေး....

ထိုလည်ဆွဲလေးက ပုံစံ တူ ရှိသည်တဲ့လား။

ဪ လောကမှာ လူတူမရှား ၊ နာမည်တူ မရှားတဲ့။
အဲဒီ တော့ အခုလို ဘာမဟုတ်တဲ့လည်ဆွဲလေးတူသည်မှာလည်း အဆန်းတော့ မဟုတ်။

သို့သော် ဖိုးခွားလေး ဆက်ပြောသော စကားများကြောင့် ပိုး မအံ့သြပဲ မနေနိုင်တော့။

မျက်ဝန်းလွှာ (Completed) Where stories live. Discover now