"Cinderellaလေးက ဖန်ဖိနပ်လေးကိုဘာလို့
တစ်ကြမ်တည်းနဲ့ ကျွမ်းကျွမ်းကျင်ကျင်စီးတတ်တယ်လို့
မင်းထင်လဲ...!""သူစီးဖူးလို့ပေါ့..."
"သူကဆင်းရဲတယ်လေ..ပြီးတော့ သူ့ဖန်ဖိနပ်လေးက
ဒေါက်မြင့်လေး..အဲ့ကလေးမ ဘယ်လိုစီးလဲ
ငါသိချင်နေတယ်...."ပြောပြီးရိပေါ်အကြည့်ရောက်သွားသည်က
ငတုံးခြေထောက်တွေဆီ။"မင်းဖိနပ်ပေါက်နေပြီရှောင်ကျန့်.."
ငတုံးကသူ့ဖိနပ်သူငုံ့ကြည့်ရင်းရယ်သည်။
"သေးသေးလေးပါကွာ..."
"သေးသေးလေးလဲပေါက်နေတော့မြင်မကောင်းဘူးလေ။
မင်းအသစ်မ၀ယ်ဘူးလား...""ဟင့်အင်း...ငါပိုက်ဆံစုနေတုန်း"
"ဖိနပ်လေးတစ်ရံဝာတော့ မင်းမှာရှိလောက်ပါတယ်ကွာ."
"ရှိတာကရှိတယ်။မ၀ယ်ဖြစ်တာ။
ငါလိုတဲ့နေရာတွေမှာသုံးရင်းနဲ့
ဖိနပ်ဆီ မရောက်ဘူးဖြစ်နေတယ်။
ပြီးတော့...ကျောင်းဖိနပ်က ဈေးနည်းနည်း
ကြီးတယ်ကွ..."သူသက်ပြင်းသာချမိသည်။
Cinderellaလေးလိုပဲငတုံးရာ...〰️〰️〰️〰️〰️〰️〰️
"ငါ့ကားနဲ့လိုက်ခဲ့ပါလား..."
ငတုံးကခေါင်းရမ်းသည်။သူ့လိုလူက
ကားပေါ်ခေါ်နေတာကိုငြင်းတယ်ဆိုတည်းက
ငတုံးရဲ့IQ အခြေနေကိုမင်းတို့တွေးကြည့်။"အဲ့တာဆို မင်းစက်ဘီးနောက်ကလိုက်မယ်.."
"မင်းကားပါတာပဲ..အဲ့တာနဲ့ပြန်လေကွာ.."
"တစ်ခါပါပဲကွာ...မင်းနောက်ကလိုက်ချင်လို့.."
ရှောင်ကျန့်က သက်ပြင်းကိုခပ်လေးလေးချပြီး
"တက်..."
ဆောင်းလေအေးအေးလေးရဲ့
ခံစားချက်ကို ငတုံးကြောင့်
သူခံစားတတ်ခဲ့ပြီ။လက်နှစ်ဖက်ကိုဆန့်တန်းရင်း
လေသန့်တွေကိုတ၀ကြီးရူရိုက်လိုက်တော့"ငြိမ်ငြိမ်နေကွာ.."
ရှောင်ကျန့် ခါးကိုဆွဲဖက်လိုက်တော့
ရုတ်တရက်လန့်သွားပုံရတာကြောင့်
စက်ဘီးလေးက လမ်းဘေးကို
အနည်းငယ်ယိုင်သွားသည်။
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်
Part 15
Start from the beginning