''အင်း ဟင်း ဟင်း "
ဘတ်ခ်ဟျွန်းညလယ်လောက်ကျတော့လက်ကတစ်ဆစ်ဆစ်ကိုက်၍
နိုးလာရသည်။ ဘယ်လိုမှမခံနိုင်အောင်ကိုနာနေသည်။ အဆစ်တွေပါ
ကြိုးကုန်သလားမှတ်ရတယ်။ ချန်းယောလ်ကဆေးလိမ်းပတ်တီးစည်း
ပေးထားပေမယ့် သူလဲကောင်းကောင်းမလုပ်တတ်၍ထင်တယ်
အရမ်းနာနေပြီ။ ဘယ်လိုမှဆက်အိပ်မရ။"ဟင်း အင်း အား လား လား"
ဘတ်ခ်ဟျွန်းအိပ်မရမဲ့အတူချန်းယောလ်ဘက်လှည့်လိုက်သည်။
ကြည့်ပါအုံး အိပ်နေတာတောင်မျက်မှောင်တွေကတွန့်ချိုးလို့။
နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တစ်ချို့ကိုသပ်ပေးချင်ပေမယ့်
ညာလက်ကဘယ်လိုမှလှုပ်မရ။ အခုချိန်မှာသာမောင့်ရင်ခွင်
ထဲဝင်အိပ်ရင်အိပ်ပျော်မယ်ထင်လား။ လက်အနာတောင်
သက်သာသွားမယ်ထင်တယ်။ ဘတ်ခ်ဟျွန်းကိုယ့်အတွေးနဲ့
ကိုယ်ရှက်မိသွားသည်။ သူအဲ့လောက်တောင်ဖြစ်နေပြီ။
ကိုယ်ကိုနဲနဲကြွပြီး ဖြည်းဖြည်းချင်းတိုးလိုက်သည်။
မောင်မသိဘူး ခိခိ။ ခေါင်းကိုအရင်ကပ်ပြီး
ပြီးမှကိုယ်လုံးကိုတဖြည်းဖြည်းချင်းကြွကာ ချန်းယောလ်ရင်ခွင်
ထဲပစ်ဝင်ဖို့ကြံစည်လိုက်သည်။ဘတ်ခ်ဟျွန်းခေါင်းချန်းယောလ်ရင်ဘတ်နားကပ်ပြီ
ဆိုရင်ဘဲ ဘတ်ခ်ဟျွန်းရင်ခုန်မြန်လာသည်။
ထို့နောက်အဆင့်တက်ပြီးမောင့်ကိုဖက်ထားချင်
လာသည်။ ဘတ်ခ်ဟျွန်းပတ်တီးစည်းထားတဲ့သူ့လက်ကို
ဖြည်းဖြည်းချင်းမ, ကာ ချန်းယောလ်ခါးဆီသို့..."အ့ "
"ဘာဖြစ်တာလဲ"
"ဟင့်အင်း လက်- အ့"
ချန်းယောလ်ကနိုးလာပြီးထထိုင်ကာသူ့လက်ကိုကြည့်ပေးသည်။
ဟွန့် လက်စုတ် ဖက်တောင်မဖက်လိုက်ရဘူး။"အရမ်းနာနေလား"
"အင်း အိပ်လို့တောင်မပျော်ဘူး
အရမ်းကိုက်နေတာ""အိပ်မပျော်ရင်နိုးလိုက်ပါလား
ခန ဆေးပြန်ထည့်ပြီး ပတ်တီးအသစ်လဲပေးမယ်"ချန်းယောလ်ကလက်ကိုရေနွေးနွေးလေးနဲ့ဆေးပြီး
ပတ်တီးအသစ်ပြန်စည်းပေးသည်။ မောင့်ကိုကြည့်ရတာ
အတော်ပြည့်စုံတယ်။ နဲနဲလေးတောင်အားနည်းချက်မရှိတဲ့
ယောက်ျားကငါ့ကိုချစ်တာဖြစ်နိုင်ပါ့မလား။
YOU ARE READING
M y B a d B o y [✓]
Fanfictionပုံစံကိုက အူကြောင်ကြောင်နဲ့! ဘာလဲ! မင်းငါ့ကိုကြိုက်နေတာလား! ( Chanyeol x Baekhyun ) *rated M* *အပိုင်းတိုင်းအတွက် Warning ပေးမည်မဟုတ်ပါ။*