ep17

8.3K 633 36
                                    

"တီ တီ တီ တီ တီ တီ.... "

နားထဲကိုစူးခနဲတိုးဝင်လာတဲ့ဖုန်းမြည်သံကြောင့်
ဘတ်ခ်ဟျွန်းမထလို့မရတော့။ အိပ်ရာဘေးစားပွဲခုံ
ပေါ်ကမြည်သံ။ ဘတ်ခ်ဟျွန်းချန်းယောလ်လက်မောင်းတွေ
ကြားထဲကရုန်းထွက်ရင်းလှမ်းယူလိုက်သည်။

"အင် ချန်းယောလ်ဖုန်းဘဲ... ကင်မင်ယောင်းတဲ့"

ဘတ်ခ်ဟျွန်းချန်းယောလ်ကိုလှမ်းကြည့်လိုက်သည်။
နိုးတော့မနိုးသေး။ ကိုင်လိုက်ရမလား၊ တော်ပါပြီသူ့အတွင်းကိစ္စဘဲ
တော်ကြာစိတ်ဆိုးနေမှဖြင့်။ ကိုင်မဲ့သူမရှိတဲ့ဖုန်းကောလ်လေးကတော့
ကျသွားပြီမို့စားပွဲပေါ်ပြန်တင်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်။
မျက်နှာသစ်ပြီးတစ်ခါတည်းရေချိုးဖို့ပြင်လိုက်သည်။
သဝန်မတိုဘူးဆိုလိမ်ရာကျမှာပေါ့ ဒါပေမယ့်
ဒါကအခုမှအခုလဲမဟုတ်။ချန်းယောလ်ရဲ့အပေါင်းအသင်းတွေက
မိန်းကလေးတွေတောင်ပိုများသလိုဘဲ။ သူ့အပေါင်းအသင်းတွေနဲ့
တစ်ခါမှမိတ်ဆက်ပေးခဲ့တာမျိုးမရှိသလို သူလဲမမေးခဲ့ဖူးဘူး။
အခုလဲသူ့အပေါင်းအသင်းတွေထဲကတစ်ယောက်ဖြစ်မှာပါ။

ဘတ်ခ်ဟျွန်းရေချိုးခန်းထဲကထွက်လာတော့
ချန်းယောလ်နိုးနှင့်နေပြီ။ အစောကြီးထလေ့မရှိဘူးဆို
အခုတော့ဖုန်းတောင်ထပြောနေပါလား။ ဘတ်ခ်ဟျွန်း
ရေချိုးခန်းအပေါက်ဝမှရပ်ကြည့်နေလိုက်သည်။
ချစ်စကားတွေပြောနေတာတော့မဟုတ်ပေမယ့်
ကိုယ့်ကောင်လေးကတစ်ခြားကောင်မလေးတစ်ယောက်နဲ့ စကားတွေတီတီတာတာ
ပြောနေတော့ နားထဲမှာကိုးလို့ကန့်လန့်နဲ့။ သူပျော်နေတာ
ကိုယ့်ကြောင့်မဟုတ်တော့ရင်ထဲမှာတစ်မျိုးဘဲ သူ့ကို
ပျော်အောင်မလုပ်ပေးနိုင်လို့ ကိုယ့်ကိုကိုယ်ဘဲ
အပြစ်တင်ရမလား။သူပျော်နေရင်ကျေနပ်ပါပြီဆိုပြီးဘဲ
လွှတ်ထားလိုက်ရမလား။ သူသာဆန္ဒရှိရင်... ဟင့်အင်းဆက်မတွေးချင်တော့ဘူး။

ဘတ်ခ်ဟျွန်းအတွေးစကိုဖြတ်ပြီး
အဝတ်ဘီရိုဘက်လျှောက်သွားလိုက်သည်။
သူ့ဘက်ကိုလှည့်မကြည့်မိစေရန် သူ့ကိုမမြင်ဟန်ဆောင်ရန်
သူ့အသံတွေကိုမကြားဟန်ပြုရန်စိတ်ကိုမနဲတင်းထားရသည်။
ကျောင်းသွားရမယ် ကျောင်းအင်္ကျီနဲ့ကျောင်းဝတ်စုံ ကျောင်းဖိနပ်
ကျောင်း-

M y B a d B o y [✓]Where stories live. Discover now