ချန်းယောလ်ဘတ်ခ်ဟျွန်းပြောတဲ့လမ်းအတိုင်း
တောက်လျှောက်မောင်းလာခဲ့သည်။ ဒါသူတို့ရက်ကွက်
သူတို့လမ်းအသေအချာဘဲ။ ဘတ်ခ်ဟျွန်းဒီလမ်းထဲမှာနေမှန်း
သိတောင်မသိဘူး။ မသိဆိုစိတ်မှမဝင်စားဘဲကိုး။"ဘတ်ခ်ဟျွန်း အိမ်ကမရောက်သေးဘူးလား"
"အဲ့ရှေ့နားကဘဲချန်းယောလ် တွေ့လား
ကားရပ်ထားတဲ့အိမ်""ဟင်"
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဒါဆို
ချန်းယောလ်ဘတ်ခ်ဟျွန်းကိုမယုံနိုင်စွာကြည့်လိုက်သည်။"ဘာလို့လဲချန်းယောလ် အဲ့အိမ်- ဟင် မား!? "
ချန်းယောလ်အံ့ဩချင်းများစွာနဲ့ကားကိုထိုးရပ်လိုက်သည်။
ဘတ်ခ်ဟျွန်းကတော့ကားရပ်ရပ်ချင်းပြေးဆင်းသွားသည်။
ဘတ်ခ်ဟျွန်းကအဲ့ဒီမိန်းမရဲ့သားလား... ချန်းယောလ်လည်း
ကားပေါ်ကဆင်းလိုက်သည်။"မား ဘာထွက်လုပ်နေတာလဲ အရှေ့ကို"
"အော်... သားMr. Parkနေမကောင်းလို့
ဆရာဝန်ပြပြီးပြန်တော့လိုက်ပို့ပေးနေတာ
အခုလေးတင်ပြန်သွားတာတာ"ချန်းယောလ်ခနတော့ရပ်တန့်သွားသည်။
အဖေနေမကောင်းဘူးလား။ ဟိုနေ့ကသူ့ကိုခေါ်ဆူ
တုန်းကကျအကောင်းပါ။ ဘယ်ကဘယ်လို-ထားပါ
သူ့မှာပြုစုမယ့်သူရှိတာဘဲ။"ဟင် တော်တော်ဆိုးလား"
"အင်း အခုတော့သက်သာနေပါပြီ
ဒါနဲ့သားဘယ်သူနဲ့လာ-ဟင် ချန်းလေးလာတယ်""မား သူ့ကိုသိတယ်!? "
"ချန်းလေး အကိုနေမကောင်းလို့လာကြည့်တာလား
လာ အိမ်ထဲဝင်ရအောင် မင်းကိုမျှော်နေတာ အကိုက""မား ဘာတွေပြောနေတာလဲ "
"မဟုတ်ဘူး ကျွန်တော်အဖေ့ဆီလာတာမဟုတ်ဘူး
ဘတ်ခ်ဟျွန်းကိုလိုက်ပို့တာ ပြန်တော့မယ် ""ခန ခနလေးနေပါအုံး ချန်းလေး
မားနဲ့ခနလောက်စကားပြောရအောင်
သားအရင်ဝင်နှင့် သွား ရေမချိုးနဲ့တော့နော်နောက်ကျနေပြီ""ခင်ဗျားဘာပြောမလို့လဲ
ကျွန်တော်တော့ခင်ဗျားနဲ့ပြောစရာစကားမရှိဘူး"
YOU ARE READING
M y B a d B o y [✓]
Fanfictionပုံစံကိုက အူကြောင်ကြောင်နဲ့! ဘာလဲ! မင်းငါ့ကိုကြိုက်နေတာလား! ( Chanyeol x Baekhyun ) *rated M* *အပိုင်းတိုင်းအတွက် Warning ပေးမည်မဟုတ်ပါ။*