အပိုင်း - ၅၀

Start from the beginning
                                    

သူကမွေးလာကတည်းက rich kidတစ်ယောက်ဖြစ်တာကြောင့် ဘယ်တုန်းကမှတစ်စုံတစ်ယောက်ကို စောင့်ဖူးတယ်ဆိုတာ မရှိဘူး။ သူသာကောင်းကောင်းမလုပ်ခဲ့လို့ နတ်ဆိုးဘုရင်ကြီးက သူ့ကိုသတ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ရင် ဘယ်လိုလုပ်ကြမတုန်း?

ရင်ထဲမှာ စိုးရိမ်မှုတွေ အတုံးလိုက်အတစ်လိုက်နဲ့ ပင်မဆောင်မှာ လက်ဖက်ရည်တည်ခင်းတာ ရေခပ်ပေးတဲ့ အလုပ်ကို ပိုင်ရန်စလုပ်ရတော့တယ်။ နောက်မကြာခင်မှာပဲ နတ်ဆိုးဘုရင်ကြီးက စောင့်ရတာကို စိတ်ရှည်တယ်ဆိုတာ သူသတိထားမိလိုက်တယ်။ နတ်ဆိုးဘုရင်ကြီးဘက်က အထူးတလည်တောင်းဆိုတာမျိုးတွေ မရှိဘူး။ နေ့တိုင်းနတ်ဆိုးဘုရင်ကြီးက အလုပ်ကိစ္စစာရွက်စာတမ်းတွေပဲ ပြန်စစ်ပြီး အလုပ်အကြောင်းကို နန်းတွင်းကသူတွေနဲ့ပဲ ပြောဆိုတယ်။ သူ့မှာ သေဖို့ရှင်ဖို့အတွက်တောင်မှ အရမ်းအလုပ်များလှတယ်။

ပိုင်ရန်ကတော့ သူ့နားမှာရပ်နေကာ သူ့တာဝန်ဆိုလို့ လက်ဖက်ရည်ငှဲ့ပေးရတာပဲရှိတယ်။ အချိန်အများစုမှာ ဒီတိုင်းလေးပဲ ငိုက်နေလိုက်တယ်။ အစတုန်းကတော့ သူအတော်လေးဝီရိယစိုက်ထုတ်ပါသေးတယ်… ဒါပေမယ့်လည်း အမြဲတမ်းသတိအနေအထားရှိနေတဲ့ ရှေးခေတ်လူတွေအတိုင်းတော့ သူလည်းလိုက်မလုပ်နိုင်ဘူး။ မကြာခင်မှာပဲ သူသက်သောင့်သက်သာလေးနဲ့ ဘေးနားမှာ အေးအေးချမ်းချမ်းတစ်ရေးအိပ်လိုက်တော့တယ်။ [T/N : ဘုရား ဘုရား ပိုင်ရန်တို့ကတော့ ဇာတိတွေပြလာပြီ]

နတ်ဆိုးဘုရင်ကြီးက အလုပ်အကြောင်းဆွေးနွေးဖို့အတွက်ပဲ တခြားသူတွေကို ၀င်ခွင့်ပေးတာဖြစ်တယ်။ ဘယ်လောက်ပဲလျှို့ဝှက်စရာဖြစ်နေပါစေ သူပိုင်ရန့်ကိုနားထောင်ခိုင်းတယ်။ အစတုန်းကတော့ စကားလာပြောကြတဲ့သူတွေက ပိုင်ရန်တစ်ယောက် နတ်ဆိုးဘုရင်ကြီးရဲ့လက်ဖက်ရည်တည်ခင်းတဲ့အစေခံဖြစ်နေတာကို ထိတ်လန့်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရန်ကနတ်ဆိုးနယ်မြေကစစ်သူကြီးလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့အပြင် ကိုယ်ရံတော်အရာရှိလည်းဖြစ်သေးတယ်။ သူ့လိုလူကို လက်ဖက်ရည်ငှဲ့ခိုင်းတာက နှိမ့်ချပြီးစော်ကားလိုက်သလိုပဲ။ ဆိုပေမယ့်လည်း… ခဏအကြာမှာ သူတို့သဘောပေါက်သွားကြတာက ပိုင်ရန်ဆိုတဲ့လူက နတ်ဆိုးဘုရင်ကြီးက ခစားဖို့လာနေတာမဟုတ်ဘဲ နတ်ဆိုးဘုရင်ကြီးကသာ ‘သူ့’ကို ခစားနေရတယ်ဆိုတာ…

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now