ပြောပြီး စက်ဘီးကို နင်းဖို့ပြင်လိုက်တော့
ငတုံးက သူ့စက်ဘီးလက်ရမ်းကိုင်ထားတဲ့
သူ့လက်ပေါ် လာအုပ်ကိုင်သည်။

ဓာတ်လိုက်သလိုကျင်တတ်သွားတဲ့
ခံစားချက်နဲ့အတူ ငတုံးကိုသူ
အလန့်တကြားကြည့်ပေမဲ့ ရှောင်ကျန့်က
သူပြောစရာရှိတာကို ပြီးအောင်ပြောမဲ့ပုံ။

"ဘာ...ဘာလုပ်တာလဲ!"

"ဒဏ်ရာသက်သာလား..."

"ဘ....ဘာ..."

"တောင်းပန်ပါတယ်....မင်းကိုယ်တိုင်ငါ့ကိုဆေးခန်းပို့ပေးခဲ့တယ်ဆို....မင်းစေတနာကိုငါစော်ကားသလိုဖြစ်သွားတယ်...ငါမထိုးခဲ့သင့်ဘူး ."

ပြောပြီး ရိပေါ်ပါးဆီ လာကပ်လာတဲ့
ရှောင်ကျန့်လက်တွေကို ရိပေါ်အလန့်တကြားသာ
ပုတ်ထုတ်လိုက်ရသည်။ရှောင်ကျန့်ကတော့
ပြူးကြောင်ကြောင်နဲ့သာကြည့်လို့။

သူ့ရင်ထဲ ဖိုးသိုးဖတ်သတ်တွေဖြစ်နေလို့
ရှောင်ကျန့်ရှေ့မှာ တစ်စက္ကန့်တောင်
မနေချင်တော့ဘူး....

"င...ငါပြန်တော့မယ်...."

"မနက်ဖြန်ကျောင်းတက်နော်.. "

ရှောင်ကျန့်မျက်နှာကိုမကြည့်ဘဲသာခေါင်းငြိမ့်ပြလိုက်သည်။
ကျေနပ်သွားတဲ့ရှောင်ကျန့် ရှေ့ကဖယ်ပေးတာနဲ့
စက်ဘီးကို တရမ်ကြမ်းနင်းမိသည်။

ခုန်နေတဲ့ရင်ဘတ်က စက်ဘီးအစီးလွန်ပြီး
မောလို့ဟိုက်လို့....

〰️〰️〰️〰️〰️〰️〰️

မှန်ရှေ့မှာရပ်နေတာသူတစ်နာရီရှိနေပြီ။
ဒီနေ့မှ ထူးထူးခြားခြား သူ့ကိုယ်သူ
ကြည့်မ၀ဖြစ်နေသည်လဲ စဉ်းစားလို့မရ။

"ငါက တော်တော်ချောတာပဲ...
ကြည့်စမ်းပါအုံး...အသားရေ..မျက်လုံး..
မျက်ခုံး...ပြောစရာနေရာတောင်မရှိဘူး..
ပြီးတော့....ငါ့ရဲ့ လည်ပင်းက
ပန်းသီးလေးက အတော်ဆွဲဆောင်မှုရှိတာပဲ..
အိုက်ယားးးအခုမှနားလည်တော့တယ်...
ချောတယ်ဆိုတိုင်းလည်း ဖြစ်သလိုနေလို့
မဖြစ်ဘူးပဲ...Imageထိခိုက်လို့မဖြစ်ဘူး.."

မှန်ရှေ့မှာ တစ်ပတ်လှည့်လိုက်..
နှစ်ပတ်လှည့်လိုက်နဲ့ ကိုယ့်ကိုကိုယ်
အားရအောင်ကြည့်ပြီးမှ ရုတ်တရက်
တွေဝေသွားရသည်။

Represented by Cinderella{Completed}Where stories live. Discover now