ငတုံးက F3မှာသာ နေတာ
ဉာဏ်တော့ပြေးသား။
မဟုတ်ဘူး ...သူ့Bodyguardတွေကိုက
သရုပ်ဆောင်မကောင်းတာ။

အဲ့ကောင်တွေက တောင့်တောင့်ကြီး
ရပ်နေရုံကလွဲရင် ဘယ်နေရာမှ
အသုံးကျတာမဟုတ်ဘူး....။

"အဲ့တော့...ဘာဖြစ်လို့ 15000ပိုနေတာလဲ.."

"ယူစရာရှိတာသာယူကွာ...မင်းကူညီလို့
ပေးတယ်လို့ပဲသဘောထားလိုက်"

"ငါကအဲ့ပိုက်ဆံ 55000လောက်ကို
မက်မောတယ်ထင်နေတာလား..."

စိတ်တိုတယ်....ဘာလို့လဲမသိပေ့မဲ့
ရှောင်ကျန့်ဆီက တန်ကြေးဖြတ်တဲ့
စကားကိုကြားရတာ သူစိတ်ထဲ
ဝမ်းနည်းသလိုလို ခံစားချက်ကြီး။

'စေတနာကို စော်ကားတယ်'ဆိုတဲ့
စကားရဲ့ ခံစားချက်ကို သူအခုနားလည်လာပြီ။
တော်တော်ကို နေရထိုင်ရမသက်သာတာပဲ။

"မင်းမက်မောတာတွေ မမက်မောတာတွေ
ငါစိတ်မ၀င်စားဘူး....ယူစရာရှိတာယူ...."

ရှောင်ကျန့်စကားဆုံးတာနဲ့ လုယူခံလိုက်ရတဲ့
ပိုက်ဆံလေးတွေက အစိတ်စိတ်အမြွာမြွာ
လေထဲ ပြန့်ကျဲသွားသည်။

တရားခံက သူ့ရှေ့က ၀မ်ရိပေါ်။

မယုံကြည်နိုင်စွာကြည့်လိုက်တော့
ဝမ်ရိပေါ်က မဲ့ပြုံးပြုံးပြရင်း

"ဒီပိုက်ဆံက ငါ့အိမ်မွေးခွေးလေးရဲ့
တစ်နပ်စာဖိုးတောင်မရှိဘူး...."

မျက်လုံးထောင့်တွေရဲလာတဲ့
ငတုံးရဲ့ နှုတ်ခမ်းရဲတွေ
သိသိသာသာတုန်ယင်လာတယ်။

အခုငတုံးကသူ့ကိုရွံ့ရှာတဲ့ အကြည့်တွေနဲ့
ကြည့်နေတာလား......
သူက ဘာအဆင့်ရှိလို့.......

*ခွပ်!!!*

ပူထူသွားတဲ့ ပါးပြင်နဲ့အတူ သူ့မျက်နှာလည်း
ဒီဂရီ အနည်းငယ်စောင်းသွားတယ်။
၂ကြိမ်ရှိပြီ....ငတုံးသူ့ကိုထိုးတာ....

အတန်းထဲကလူတွေနဲ့
ကျောင်းကော်ရစ်တာမှာ ပြည့်သိပ်နေတဲ့
လူအုပ်ကြီးက ပွဲကြည့်ပရိတ်သတ်။
အရာအားလုံးကတိတ်ဆိတ်စွာ .......

ပါးစောင်က နာကျင်မှုကို လျှာနဲ့
ထိုးဖြေလျော့ရင်းငတုံးကို ပြန်ကြည့်လိုက်တော့
ရူးရူးရှားရှားနဲ့ ကောင်လေးက
မာနဆိုတဲ့စကားပဲ ထွက်လာအုံးမယ်ထင်တယ်။

Represented by Cinderella{Completed}Where stories live. Discover now