မျက်လုံးများ မှေးစင်းလို့ လဲကျမလိုဖြစ်တဲ့ အခိုက်
သူ့ကို ဖမ်းလာတဲ့ လူတစ်ယောက်

"ဟိတ် ကောင်လေး!"

သူ့ကိုပွေ့ထားလို့ ထိုလူကခေါ်သည် ။ ကျိုးချန်လည်း မှေးစင်းနေတဲ့ မျက်လုံးတို့နဲ့ မော့ကြည့်လို့

"ဘယ်သူလဲ ခင်ဗျားက လွှတ်!"

သူ့ဘက်တွေကြားက ရုန်းထွက်သွားတဲ့ ကောင်လေးရယ်။ သူ့အသက်အရွယ်မှာ ဒီလို ကလေးမျိုးနဲ့ ပထမဆုံး ဆုံဖူးတာပဲ။ အသက်တောင်ပြည့်ပုံမရ....ဒီလို club မျိုးကိုလာနိုင်တယ်ဆိုထဲက သာမန်မိသားစုမျိုးက မဟုတ်တာတော့ ခန့်မှန်းမိလိုက်သည်။

"တစ်ယောက်တည်းလား သူငယ်ချင်းတွေရော"

"ကျစ်* စကားများလိုက်တာ"

အမယ် ဒီလက်တောက်လောက်လေးက သူ့ကိုပြန်ပြောသည်တဲ့လေ။ ထိုချိန်မှာပင် ကောင်လေးတစ်ယောက်က အနား​ကိုထပ်ပြီး ရောက်လာတယ်။

"အာ....ကျိုးချန် အခုတော့ မူးပြီမှတ်လား"

ကိုယ်လေးကို လက်တစ်ဖက်ဖြင့် ဆွဲယူကာ တွဲထားလျက်....ပြီးတော့ သူ့ကို မြင်သွားဟန် ခေါင်းလေး ငုံ့ပြလာရင်း

"ကျွန်တော့်သူငယ်ချင်း အရမ်းမူးနေလို့ပါ"

"ရတယ် ရတယ်။ ခေါ်သွားလိုက်တော့ အိမ်ရောက်ရင် အမူးပြေဆေးတိုက်လိုက်အုံး"

စစတွေ့ချင်းတောင် သဘောအလွန်ကောင်းသည့်
ပြုံးရယ်နေတဲ့သူကို ယွီပင်း ကျေးဇူးတင်နေမိတာ။
တခြားသူသာဆို သူတို့မလွယ်ဘူးလေ။ ထို့နောက်မှာ နှုတ်ဆက်လိုက်ပြီး မူးရူးနေတဲ့ ကျိုးချန်ကိုလည်း ထိန်းကာ ထွက်လာခဲ့ရသည်။

"ဒီခေတ် ကလေးတွေလည်း မလွယ်ပါလား"

ခေါင်းလေး ကိုယိမ်းကာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ထိုကလေးတွေကိုကြည့်ရင်း မိမိရဲ့ ညီဝမ်းကွဲကို သတိရမိသား။ သူ့ညီဝမ်းကွဲကျ အေးလွန်းလို့ခက်နေတာ ဒီကြားထဲ မထင်မထင်သလို
သူကပြန်ပြီးအချေခံရသေးတာ!

************************

ဒီနေ့ ကျိုးချန် ကျောင်းမလာပါ။ ရှောင်းကျန့် တစ်ယောက် ဘေးနားကလွှတ်နေတဲ့ ခုံလေးကိုကြည့်၍
သက်ပြင်းလေးသာ ချမိသည်။ ကျိုးချန် မနေ့ကကိစ္စကြောင့် စိတ်များဆိုးနေမလားမသိနိုင်။

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Where stories live. Discover now