"အခု ထစမ်း!"

ငိုမဲ့မဲ့လေးနဲ့ မတ်တပ်ထရပ်တယ်။ ဒါတောင်ရိပေါ်ကို စောင်းငဲ့ကြည့်လိုက်သေးတာ။ ရှေ့မှယွီပင်းက တခွီခွီ နဲ့ ထို့ကြောင့် ကျိုးချန် ကဘေးက လှမ်းရိုက်၏

"စာမေးပွဲကျတာလည်း မပြောနဲ့ စာမှနားမထောင်တာ လာခဲ့လာ ဒီအပုဒ်ကို လာတွက်စမ်း"

ကျန့်ကျန့် တစ်ယောက် တကယ်ငိုတော့မည် ။
တွက်ဖို့ နေနေသာ ဘယ်နားရောက်နေမှန်းတောင်မသိတာကို ဆရာက သက်သက်ညစ်ပြီ!

အားကိုးတကြီး ကျိုးချန် ကို မသိမသာလှမ်းကြည့်တယ်။ ဒါကိုသိတဲ့ ကျိုးချန်က လည်း တွက်မယ့်အပုဒ်လေးကို ထောက်ပြလေရဲ့ ။ တွက်ပုံတွက်နည်းပါ တစ်ခါထဲ ပါတာမို့ သူ ခေါင်းငုံ့ကာ အသည်းအသန် မှတ်နေမိတုန်း

"လာလေ ကြာလိုက်တာ! ငါ့အချိန်ကုန်အောင်လုပ်နေတာလား "

ထပ်အော်တော့ သူ့ကိုယ်လေး တုန်သွားလို့။
ထို့နောက် ရှောင်းကျန့် လည်း ဆရာ့ဆီ ကုတ်ကုတ်
လေး ရောက်လာတော့၏

ဘယ်ကစတွက်လို့တွက်ရမှန်းမသိတော့ စဥ်းစားသလိုနဲ့ ရေးလိုက် ဖျက်လိုက်နဲ့ပဲ။

"ဒီဘက်က အပုဒ်ကို တစ်ယောက်ယောက်ထတွက်!"

ဆရာက နောက်တစ်ယောက်ထပ်ခေါ်တယ် ။
အခုထိ ရှောင်းကျန့် ရေးလိုက်ဖျက်လိုက်ပဲ
ထိုစဥ် ထလာတဲ့သူက ဝမ်ရိပေါ် ၊ အားလုံးက ခေါင်းလေးထောင်ကာ လိုက်ကြည့်လို့လာတယ်။

ရုတ်တရပ် အနားရောက်လာတဲ့သူက တခြားမဟုတ်ဘဲ ရိပေါ် ဖြစ်နေတော့ သူ လက်လေးဖြင့်ကွယ်ထားသည်။

ဒါက တကယ်ရှက်ဖို့ကောင်းတယ်!

ဝမ်ရိပေါ် ဘေးနားက ဟိုခြစ်ဒီခြစ်နဲ့ ရှောင်းကျန့် ကို တစ်ချက်စောင်းကြည့်သည်။ ပြီးတော့ တစ်ခါထဲကို တွက်ချက်သွားတာ စဥ်းတောင်မစဥ်းစားပေ။ ကျန့်ကျန့် တစ်ယောက် မသိမသာလေး လှမ်းကြည့်လိုက်တော့ ရိပေါ် တွက်နေတာ သူ့ပုဒ်စာကြီး!! What?

"ဆရာ"

ခဏလေးအတွင်းမှာ ပြီးသွားလို့ ဆရာရှေ့ပြန်လှည့်ရင်း ဝမ်ရိပေါ် ခပ်တည်တည်ပင် ဆိုလာသည်။

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Tempat cerita menjadi hidup. Temukan sekarang