"အကုန်လုံး..ကားပေါ်တက်! ကားပေါ်တက်ကြ!"

အသင်းခေါင်းဆောင် Wolfက အကြိမ်များစွာအော်လိုက်ပြီး သူကိုယ်တိုင်ပဲ အရင်ဆုံးကားပေါ်တက်လိုက်လေသည်။ ထို့နောက် သူက Phoenixကို အော်ပြောလိုက်သည်။

"မြန်မြန်...ကားပေါ်တက်! ငါတို့ ဒီzombieကို မနိုင်ဘူး။"

နဉ်ရှု အတွင်းအားကိုလှည့်ပတ်လိုက်ပြီး ကားထဲအမြန်ဝင်ကာ တံခါးကို ချက်ချင်းပဲ ဂျိုင်းခနဲမြည်အောင် ပိတ်ချလိုက်၏။

လူတိုင်းရင်ထဲမှာ အကြောက်တရားတွေ ကျန်ရှိနေတုန်းပင်။ နဉ်ရှု လှည့်ပတ်ကြည့်ပြီး ပင့်သက်ရှိုက်လိုက်မိသည်။ သူတို့ထဲက တစ်ယောက်လျော့နေတာကို သူမသိလိုက်ရသည်။ လူတစ်ယောက် သေသွားပြီ။

ဇာတ်ကြောင်းပြောင်းလဲသွားခဲ့ချေပြီ။ မူလဇာတ်ကြောင်းမှာ ဒေစီတစ်ယောက်တည်းပဲ သေခဲ့တာဖြစ်သည်။ တစ်ခြားသူတွေအကုန်လုံး အသက်ရှင်ကြပြီး သူတို့အားလုံးက သူတို့ရဲ့အထူးစွမ်းအင်တွေကို နိုးထအောင် အောင်မြင်စွာလုပ်နိုင်ခဲ့ကြသည်။

နဉ်ရှုရဲ့ သိစိတ်ကနေပြီး သူမကို Phoenixက တစ်ခုခုကို ဖုန်းကွယ်ထားတယ်လို့ ပြောနေသည်။

"ဘမ်းးး!"

ကျယ်လောင်တဲ့အသံတစ်သံက ကားအမိုးပေါ်ကနေ ရုတ်တရက်ပေါ်လာသည်။ ဗီဇကွဲzombieတစ်ကောင်က ကားအမိုးပေါ်ရောက်နေချေပြီ!

နဉ်ရှု အတော်လေးကိုဆိုးဝါးတဲ့ ခံစားမှုတွေရနေသည်။ ကားအမိုးကို ထုရိုက်နေတဲ့အသံတွေကို နားထောင်ရင်း နဉ်ရှု သေနတ်ကို မြဲနေအောင်ကိုင်လိုက်သည်။

Wolfက အကြိမ်ပေါင်းများစွာ ကားဘရိတ်ကိုအုပ်လိုက် အရှိန်မြှင့်လိုက်လုပ်ပြီး zombieကို ခါချဖို့ကြိုးစားလေသည်။ ကားက ဟိုဘက်သည်ဘက် အရမ်းကိုရမ်းခါနေတာကြောင့် နဉ်ရှု အန်ချင်လာပေမယ့် အမိုးပေါ်က zombieကတော့ တောက်တဲ့တစ်ကောင်လိုမျိုး ခိုင်မြဲစွာကုပ်တွယ်ထားလေ၏။

ပြတင်းပေါက်အပြင်ဘက်မှာ မျက်နှာတစ်ခုကိုများတွေ့ရမလားလို့ နဉ်ရှု ဟိုဟိုသည်သည် လှည့်ကြည့်လိုက်သည်။ ဖြူ စုတ်မွဲပြာနေသော zombieမျက်နှာတစ်ခုရှိနေသည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now