အပိုင်း - ၄၉ (Zawgyi + Unicode)

Start from the beginning
                                    

“မြို့စောင့်တပ်တွေကို စစ်ဆေးဖို့ဒီလာတာလား?” ကျောင်ရှို့မေးလိုက်တယ်။

ပိုင်ရန် “…” ‘ဘယ်ကသာ ငါမသွားပါဘူးနော်’

ကျောင်ရှို့အူမြူးစွာသူ့ကိုကြည့်လိုက်ပြီး သူ့လက်နဲ့လမ်းပြလိုက်တယ် “လာပါ လာပါ လာပါ..ငါကလည်းမင်းကို ရှာနေတာ၊ ငါတို့အတူတူ မြို့စောင့်တပ်တွေကို သွားစစ်လို့ရတာပဲ…”

“မဟုတ်ဘူး… ပိုင်ရန်ရုန်းကန်ဖို့ လုပ်ပေမယ့် ကျောင်ရှို့ကသူ့ကိုဆွဲနေပြီဖြစ်တယ်။ ကျောင်ရှို့က အရမ်းသန်တာကြောင့် သူ့ကိုဖမ်းဆုတ်ထားတဲ့ သူ့လက်မောင်းတွေကြားက မရုန်းနိုင်ဖြစ်နေပြီး အနီးဆုံးခံတပ်ကို ဆွဲခေါ်ခံလိုက်ရတယ်။

သူ့အနောက်ကနေ အစောင့်အချို့တိုးတိုးလေးပြောနေတာကို ကြားလိုက်ရတယ်။

“အရှင်ကျောင်နဲ့ အရှင်ရှဲ့တို့ကိုကြည့်ရတာ အတော်လေးအဆင်ပြေကြပုံပဲ! နောက်ရှေ့လျှောက် ငါတို့အရှင်ရှဲ့ကိုတွေ့ရင် အရှင်ကျောင်ကိုတွေ့ရသလိုပဲ… ငါတို့သူ့စကားကို နားထောင်တာပိုကောင်းမယ်”

“အရှင်ရှဲ့က သူရောက်ရောက်ချင်း မြို့စောင့်တပ်တွေကိုတောင် လာစစ်ဆေးတာပဲ… တကယ်ကို ဝီရိယရှိတာပဲ!”

“အရှင်ကြီးက အရှင်ရှဲ့ကို အစောင့်အရာရှိရာထူးပေးရလောက်တဲ့အထိ အရမ်းနှစ်သက်နေတာပဲ… ငါတို့သတိရှိရှိနေကြတာပေါ့..”

ပိုင်ရန်သူတို့ပြောတာတွေကြားပြီး မျက်ရည်တွေတောင်ကျတေ့မယ်။

သူတို့ပုခုံးတွေကို ဖမ်းဆွဲပြီး ဒီလိုအော်လိုက်နိုင်ဖို့ မျှော်လင့်မိတယ် “မဟုတ်ဘူး! မင်းတို့ငါပြောတာနားထောင် အဲ့လိုမဟုတ်ဘူး! ငါအစောင့်အရာရှိမဖြစ်ချင်ဘူး! မင်းတို့က ကန့်ကွက်ပေးဖို့လိုတယ်!”

သို့သော်လည်း တခြားလူတွေက သူ့ရဲ့အတွင်းထဲကစကားသံတွေကို မကြားနိုင်ကြဘူး။

နောက်ရက် ပိုင်ရန်နတ်ဆိုးဘုရင်ကြီးနဲ့သွားတွေ့တယ်။ ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီး အမူအယာက လက်ဖက်ရည်နွေးနွေးလေးလို နူးညံ့နေတယ်။ မထင်မှတ်ထားတဲ့အထောက်အပံ့ကြောင့်လည်း ပိုင်ရန်အံ့သြသွားရတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now