S..2...Ep..2
2.8K 148 5
Unicode.....
"အဆင်ပြေမယ်မလား ဆရာ...."
"ဟင်းးးးးးး"
သက်ပြင်းချသံအဆုံးမှာတော့....
"ဒါက ပြောဖို့တော့ခက်တယ်။...ဘာလို့လဲဆိုတော့အခုလိုမျိုးဖန်ပြွန်သန္ဓေဆိုတာယောကျာ်းလေးမပြောနဲ့မိန်းကလေးတွေအတွက်တောင်အခက်မသင့်ရင်အသက်အန္တရာယ်ရှိတယ်...ဆရာကတော့အားမပေးဘူး...နောက်ပြီးမင်းရဲ့အမျိုးသားနဲ့ကရောခွင့်ပြုလို့လား...သူ့ကိုအရင်တိုင်ပင်သင့်တယ်....."
"ဟုတ်ကဲ့ ကျေးဇူးပါဆရာ သွားခွင့်ပြုပါဦး......"
ကျနော်သူ့ကိုအရမ်းအားနားသည်။ ကျနော့်ကြောင့်သူ့အတွက်ပျော်ရွှင်စရာမိသားစုလေးမရနိုင့်တော့ဘူးလို့တွေးလိုက်တာနဲ့သိမ်ငယ်စိတ်ကအလိုလိုဝင်မိသည်။.....
"ဟယ်လို..လူကြီး ကျနော့်ကို......ဆေးရုံကိုလာကြိုပါလား......"
"ကိုယ်အခုချက်ချင်းလာပြီနော်.....အဲ့မှာပဲစောင့်နေ တစ်ဖဝါးမှမခွာနဲ့ သိလား..."
.......
ဘယ်လောက်မှမကြာသူ့ရဲ့ကားရောက်လာတော့သည်...
"လူကြီး!....."
စကားတောင်ဆုံးအောင်မပြောရသေး....
"ကလေး...ဘာဖြစ်လို့လဲ...ဘယ်နားဘာဖြစ်လို့လဲ..ဘယ်နေရာထိခိုက်မိလို့လဲ..ပြောလေ ပြောလေ ပေါက်စရ..ကိုယ်စိတ်ပူလာပြီ....."
အခုလိုအသေးစိတ်ကလေးကအစစိတ်ပူပေးတဲ့လူတစ်ယောက်လုံးကိုရထားမှတော့ကျနော်မှမပျော်ရင်ဘယ်သူကပျော်တော့မလဲဗျာ.....
"ကျနော် ဘာမှမဖြစ်ပါဘူး လူကြီးရယ်...အခုကလည်း......"
ဘာဆက်ပြောရမှန်းမသိ.....
"ပြောလေ အခုဘာဖြစ်လို့လဲ...."
"အော်...စျေးသွားတာ..အဲ့တာလေ အပြန်ကားမစီးချင်တော့လို့လူကြီးကိုခေါ်လိုက်တာ...ဆေးရုံရှေ့ရောက်နေလို့အဲ့တာကြောင့်ဆေးရုံကိုလာခိုင်းလိုက်တာ...."
"ဟုတ်ပါပြီ ပေါက်စရာ...ကိုယ်ကဘာများဖြစ်လို့လဲလို့...ရှိသမျှအလုပ်တွေထားခဲ့ပြီးတန်းလာတာဒီကို...ဘာမှမဖြစ်ဘူးဆိုရင်လည်း...ကိုယ်စ်တ်မပူတော့ပါဘူး...လာလေ ပြန်ကြစို့...."
ထိုစဥ်....
"ဟော..ညီလေးမြင့်မြတ်တို့ပါလား....."
"အော်...ကိုကြီး..ဘာလာလုပ်တာလဲ...."