Episode 18 unicode+Zawgyi
4.3K 241 12
"ကိုယ့်ကိုအထဲမခေါ်တော့ဘူးလား"
"ဟုတ်သားပဲ သားရယ်ဧည့်သည်ကိုမတ်တပ်ကြီးရပ်ခိုင်းထားတယ်။လာ သား အထဲဝင်.."
"ဟုတ်ကဲ့.."
"ကဲ ကလေးတို့ ဟောဒီက ဦးဦးက သားတို့အတွက်လိုအပ်တဲ့အရာတွေကိုလာလှူပေးတာဆိုတော့ဦးဦးကိုကန်တော့ပြီးဆုတောင်းပေးကြရမယ်နော်"
"ဟုတ်ကဲ့"
ကလေးတွေကကျနော့်ကိုကန်တော့ပြီးသူတို့တတ်သလောက်မှတ်သလောက်လေးဆုတွေပေးကြတယ်။ကျနော့်မျက်စိထဲတစ်ယောက်ယောက်ကိုရှာနေမိတယ်။ပေါက်စ ဘယ်ရောက်သွားလဲမသိ။
"ဦးဦး.."
"ဗျာ..."
ကလေးလေးတစ်ယောက်ကကျနော့်ကိုလာနှုတ်ဆက်တာပင်။
"အခုလိုသားတို့ကိုလာရောက်လှူဒါန်းတဲ့အတွက်ဦးဦးကိုကျေးဇူးတင်ပါတယ်နော်"
"ရပါတယ်ဗျာ ဦးကလေနောက်ဆိုရင်ဒီကိုခဏခဏလာလှူမှာ ။ဒါနဲ့လေ သားသား ဟိုသားသားတို့ကျောင်းကလေ မြင့်မြတ်သူဆိုတဲ့တစ်ယောက်ရောဟင်"
"အော် ကိုကိုလား ကိုကိုက ဒီအချိန်လောက်ဆိုရင် ခရေပင်ကြီးအောက်မှရှိလောက်မယ်ထင်တယ်"
"ခရေပင် ဟုတ်လား.."
"ဟုတ် ဦး."
"အဲ့ ခရေပင်က ဘယ်နားမှာလဲဟင် ဦးကိုလိုက်ပြပါလား"
"ဟုတ်.."
ကလေးလေးခေါ်တဲ့နောက်ကိုလိုက်သွားရာခရေပင်ကြီးတစ်ပင်ကိုတွေ့ရတယ်။ပြီးတော့ခရေပင်ကြီးအောက်မှေထိုင်နေတဲ့ကောင်းလေးတစ်ယောက်ကိုရောပင်။
ကျနော်လာတာကိုသူသိသည်ထင်သည်။
"ခင်ဗျားဒီကိုဘာလာလုပ်တာလဲ ဦးလရောင်ထွန်း။ကျနော်တို့အနေနဲ့ဘာပတ်သတ်မှုမှမရှိတော့ဘူးထင်တယ်။"
"ကိုယ့်အနေနဲ့မင်းရှိတဲ့နေရာကိုလိုက်လာတာကိုယ့်အပြစ်လား"
"ကျနော်ဘယ်လောက်ကြိုးစားခဲ့ရတယ်ထင်လဲ။ခင်ဗျားနဲ့ပတ်သတ်ပြီး။ခင့်ဗျားအကြောင်းတွေမတွေးမိအောင်။ခင်ဗျားကိုမေ့နိုင်အောင် ။"
"ဆက်ပြီးကြိုးစားမနေပါနဲ့တော့။ကိုယ်မင်းကိုထပ်ပြီးအဆုံးရှုံးမခံတော့ဘူး"
"ဟားးးး ဟားးး ခင်ဗျားရူးသွားပြီလား ဒီလိုအခြေနေမှာ ဘာတဲ့ ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ဘူး ဟုတ်လား။တော်ပါတော့ ကျနော်တောင်းပန်ပါတယ် အရမ်းပင်ပန်းလို့ပါ။ထပ်ပြီးမနှိပ်စက်ပါနဲ့တော့"