Episode 16 unicode
3.5K 169 4
"တူ...တူ....တူ....."
"ဘယ်ကဖုန်းလဲဟ ဒီဖုန်းနံပါတ်ကို ငါမသိပါဘူး"
"ဟယ်လို.."
"ဟယ်လိုကအသာထား အခုပြောနေတာဘယ်သူလဲ။ဖုန်းမှားနေရင်စောစောစီးစီးချလိုက် အရစ်တွေရှည်မနေနဲ့"
စွာလိုက်တဲ့စွာတေးလေး။ဘာမှတောင်မပြောရသေးဘူးရန်ကအရင်တွေ့နေပြီ
"ကလေး ကိုယ်ပါ"
"ဘယ်က ကိုယ်လဲ ကိုယ်လဲမသိဘူးခေါင်းလဲမသိဘူး"
"ဦးလေးကြီး ပါခင်ဗျ"
"ဟင် ဦးလေးကြီးလား သားကမသိလို့။"
"ရပါတယ်"
"ဒါနဲ့ ဦးလေးကြီးက ဘာကိစ္စရှိလို့လဲ။ပြီးတော့စေ့စပ်ပွဲအတွက်မပြင်ရဘူးလား"
"ပြင်ပြီးသွားပါပြီခင်ဗျ"
"ဟုတ်လား မိန်းကလေးကချောလား"
"အွန်း မနက်လာမှပဲဆုံးဖြတ်ကြည့်ပေါ့"
"အင် ဘယ်သူကလိုက်လာမယ်ပြောလို့လဲ"
"ဟာ..မရဘူးကွာ လိုက်ခဲ့ရမယ်။"
"မ.လိုက်.ဘူး"
တစ်လုံးချင်းသေချာစွာပြောတဲ့ကလေးလေး အသည်းယားစရာလေး
"ပြီးရောကွာ မလိုက်လည်းနေ။ဒါနဲ့ စာမကျက်ဘူးလား စာမေးပွဲက နီးနေပြီလေ"
"ဦးလေးကြီးကဘယ်လိုသိလဲ"
"အမ်..အော် အဲ့ဒါက ဒီလိုပဲသိတာပေါ့"
"ဟွန့် ဒါပဲမလား"
"ဟမ် အော် အင်း"
"ဦးလေးကြီး ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူး ကလေး"
"ဘာလဲ"
"ဟိုနေ့ကလေ "
"အွန်း"
"အဲ့ဒါက ကိုယ့်ရဲ့ပထမဦးဆုံးအနမ်း "
"သားက ရိုးနေပြီ"
"ဘာ...ရိုးနေပြီဟုတ်လား"
"အင်းလေ အိမ်က checkyလေးနဲ့ဆိုရင်ခဏခဏ အဲ့လိုလုပ်တယ်"
"နေစမ်းပါအုံး အဲ့ဒီcheckyကဘယ်ကကောင်လဲ"
"အိမ်မှာမွေးထားတဲ့ခွေးကလေးကိုပြောတာလေး ဟားးးးးးးး"
"ဟာ..ဟိတ် ကလေး..."
ဖုန်းချသွားပြီ တော်သေးတာပေါ့ခွေးဖြစ်နေလို့။မဟုတ်ရင်အဲ့ကောင်ကိုသွားသတ်နေလောက်ပြီ။ အခုမှတစ်အစစ်အမှန်ကိုတွေ့ရှိသွားတာပဲ။ကျေးဇူးပဲကလေးရေကိုယ့်ဘဝထဲကိုဝင်လာပေးလို့.....
...............
ခဏလေးပဲစောင့်ပါပေါက်စရယ်။မနက်ဖြန်ကိုအားတင်းပြီးစောင့်နေပါ။ကိုယ်တို့ရဲ့အနာဂတ်လေးရောက်လာတော့မှာပါ။ ပေါက်စကို နာကျင်အောင်လုပ်ခဲ့သူတွေကိုအနည်းငယ်တော့နာကျင်အောင်ပြန်လုပ်သင့်တယ်မလား။ဒီအချိန်မှာပေါက်စ ဘယ်လောက်ခံစားရမလဲဆိုတာကိုယ်သိပါတယ်။ကိုယ့်ကိုခွင့်လွှတ်ပေးပါ။
.....................