Episode 7 unicode
4.1K 210 0
"ခင်ဗျား ဘာလုပ်မလို့လဲ"
"ဘာလုပ်မလဲ သိချင်တယ်ပေါ့ ဟုတ်လား"
ပေါက်စ ကိုစချင်တာနဲ့ သူ့ပေါ်ကိုအုပ်မိုးလိုက်တယ်။ပေါက့်စ ကတော့မျက်လုံးကိုအသေမှိတ်ထားတယ်။
"ဟေ့ ကောင်လေး ဘာလို့အဲ့လောက်မျက်လုံးကိုမှိတ်ထားရတာလဲ။မျက်လုံးတွေနာနေဦးမယ်။"
"ခင်ဗျားပဲ.... "
"ကိုယ် ကမီးအိမ်လှမ်းပိတ်တာပါ။ပေါက်စက ဘာလုပ်မယ်ထင်လို့လဲ"
"ဟင် ဘာမှမထင်ပါဘူး။ကျနော်လည်းမီးပိတ်မယ်ထင်တာပဲ။ ဟီးး "
"အိပ်ကြစို့"
ဟင်သူနဲ့အိပ်ရဦးမှာလား။မဖြစ်ဘူး။ငါ့ဘာလို့ရင်တွေခုန်လာရတာလဲ။ဘာကြောင့်လဲ။မဟုတ်မှလွဲရော။အာ....မဖြစ်နိုင်ပါဘူး။ပေါက်ကရတွေလျှောက်မတွေးစမ်းနဲ့မြင့်မြတ်သူ။
"ပေါက်စ အိပ်မပျော်ဘူးလား"
"အင်း"
"ဘာလို့လဲ "
"အခုလိုကျပ်နေမှတော့ ဘယ်လိုလုပ်အိပ်ပျော်မှာလဲ။ခင်ဗျား ခန္ဓာကိုယ်က အကြီးကြီးပဲ လေ"
"ဟားးး ဟုတ်ပါပြီကွာ။အဲ့ဒါဆို ကိုယ် ဟိုဆိုဖာမှာပဲအိပ်လိုက်တော့မယ်နော်။"
ဘာလိုလိုနဲ့ ညတစ်ညကုန်ဆုံပြန်ဦးမပေါ့။good night လူကြီး။အိမ်မက်လှလှမက်ပါစေ။လူကြီးမက်တဲ့အိမ်မက်တိုင်းမှာကျနော်ပါ ပါစေ။
.........
"လူကြီး"
"ဟင်"
"ကျောင်းသွားတော့မယ်။"
"အင်း"
ဟာ ခင်ဗျားက ဘယ်လိုကြီးလဲ ။အရင်နေ့ကတော့သူပဲမပို့ရရင်သေတော့မယ်အတိုင်း။
"ပြီးရောသွားတော့မယ်"
သိတာပေါ့။ပေါက်စ သူ့ကိုလိုက်မပို့လို့စိတ်ကောင်သွားတာ။ကျနော် ကလည်းနည်းနည်းလောက်စလိုက်ရမှ။
"ဟေ့ ပေါက်စ တစ်ယောက်တည်းသွားတော့မှာလား။"
"ကျနော်က တစ်ယောက်တည်းမသွားလို့ဘယ်သူနဲ့သွားရမှာလဲ"
"ပြီးတာပါပဲ။သွားတော့နော်"
"သေနာကြီး။လိုက်ပို့တော့မလိုလိုနဲ့ဲဒါနဲ့များလာမေးနေသေတယ်။"
လမ်းတစ်လျှောက်ပေါက်စ ပါးစပ်ကပကျိပကျိပြောနေသည်။
"ဟိတ် ကိုယ့်ကိုဘာတွေမကောင်းပြောနေတာလဲ"
ဟင် သူဘယ်လိုလုပ်ရောက်လာတာလဲ။
"ဘယ်သူကပြောလို့လဲ"
"မသိပါဘူး သေနာကြီးလို့ပြောလိုက်တာကြားလိုက်လားလို့"
"မပြောပါဘူး ။ဒါနဲ့ ခင်ဗျားက ဘယ်သွားမလို့လဲ။"
"ပေါက်စကိုလိုက်ပို့မလို့လေ"
"ဒါဆို ဆိုင်ကယ်ကရော"