Episode.10 unicode
3.6K 190 4
"အဲ့ဒါဘာလုပ်နေတာလဲ။"
ဟင် လူကြီးဘယ်လိုရောက်လာတာလဲ။ပြဿနာဖြစ်ဦးမလားမသိဘူး။
"ကိုယ်မေးတယ်လေ".
"ဘာလုပ်လို့လဲ မမြင်ဘူးလား"
"မြင်တယ်လေ မြင်လို့ပြောနေတာ။ပြောတော့ဒီကောင်နဲ့မပတ်သတ်တော့ပါဘူးဆို။လာ အခုပြန်လိုက်ခဲ့"
"မလိုက်ဘူး"
"ဘာပြောတယ်"
"မလိုက်ဘူးလို့ပြောနေတယ်လေမကြားဘူးလား"
"ဟေ့ဟေ့ ဒီမှာသကမလိုက်ဘူးလို့ပြောနေတယ်လေ။အတင်းအကြပ်မလုပ်ပါနဲ့"
"မင်းနဲ့ဘာဆိုင်လို့ဝင်ပြောနေရတာလဲ။ဒါကငါနဲ့ပေါက်စကြားကပြဿနာ။မင်းဝင်ပါစရာမလိုဘူး"
"ဟုတ်ပါတယ်။အစကတော့ကျုပ်လဲအသာနေမို့ပါပဲ။အခုဟာကအတင်းအကြပ်ဆိုတော့"
"အဲ့တော့မင်းကဘာဖြစ်ချင်တာလဲ"
ဒီအတိုင်းဆိုရင်မဖြစ်တော့ဘူး။ပြဿနာကပိုကြီးလိမ့်မယ်။လူကြီးကဒေါသလျှော့မှာမဟုတ်ဘူး။မြန်မြန်တားမှဖြစ်မယ်။
"တော်ကြပါတော့ဗျာ...ကဲ လူကြီးကျနော့်ကိုလာခေါ်တာမလား။လာသွားမယ်။ကိုစစ်ကျနော်သွားတော့မယ်။
လာ...မြန်မြန်လာ".
ဆိုင်ထဲကနေအမြန်ဆွဲခေါ်လာခဲ့တယ်။
"ကဲ ပြောပါဦး"
"ဘာကိုပြောရမှာလဲ ကျနော်က"
"အဲ့ကောင်နဲ့ကိစ္စလေ"
"ကျနော်တို့ကဘာဖြစ်နေလို့လဲ "
"ဘာဖြစ်ရမှာလဲ ဘာတွေများပြောစရာရှိလို့အဲ့ကောင်နဲ့လိုက်သွားရတာလဲ"
"ဒီမှာလူကြီး အခုကျနော့်ကိုမယုံတာလား။ကျနော်ကလူကြီးလိုကွယ်ရာမှာသာယာနေတာမဟုတ်ဘူးနော်"
" ဒါဆိုဘာလို့အဆောင်တန်းမပြန်ဘဲနဲ့အဲ့ကောင်နဒ့လိုက်သွားရတာလဲ"
"ဘာလဲ ကျနော်က ခင်ဗျားကသာယာပြီးပြန်လာတာကိူအပြုံးပန်း ပန်ဆင်ပြီးထိုင်စောင့်နေရမှာလားဦးလရောင်ထွန်း ကျနော်ခင်ဗျားကိုအရမ်းစိတ်ပျက်တယ်။ခင်ဗျားထက်ခင်ဗျားရဲ့မပြတ်သားတဲ့စိတ်ကိုပိုစိတ်ပျက်တယ်။ "
ဆက်ပြီးပြောရင်အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်မယ့်ကိစ္စပင်မို့ရှောင်ထွက်လာခဲ့လိုက်တယ်။
ပေါက်စရာမင်းကိုယ့်ကိုနားမလည်းဘူးကွာ။.......
"ကလင်..ကလင်...ကလင်...."
"ဟယ်လို ကိုကို "
"ပြောစရာရှိတယ် ရတနာ တွေ့ကြရအောင်"