Ep..4 unicode
5.4K 280 16
"အားးးးးးးး
ခင်ဗျားဘယ်သူလဲ သ..သ..သူခိုး သူခိုးဗျို့။"
ကျွန်တော်ကိုမြင်တာနဲ့အော်တဲ့ပေါက်စ။မအော်နိုင်အောင်ပါးစပ်ကိုလှမ်းပိတ်လိုက်တယ်။အဲ့တာတောင်ဝူးဝါးနဲ့အော်ချင်ရာအော်နေသေးတယ်။တကယ့်မလွယ်ကြောလေး။
"ဟွင်းဟွင်း... ဝူးး..ဟင်းးးးးး"
"အ..".
အကောင်သေးသလောက်လက်စတော်တော်ပြင်းတာပဲ။
"ခင်ဗျားဘယ်သူလဲ။ဘာကိစ္စနဲ့ဒီအခန်းထဲရောက်နေတာလဲ"
အကောင်ပေါက်က ငါ့ကိုမမှတ်မိဘူးပဲ။အဲ့လိုပဲဖြစ်ရမယ်လေ။
"ခင်ဗျားဘာကိုကြည့်နေတာလဲ"
လက်နှစ်ဖက်နဲ့သူ့ရဲ့ရင်အုပ်ကလေးကိုကွယ်လိုက်တဲ့ပေါက်စ။
"ခင်ဗျားကိုကျုပ်တစ်နေရာရာမှာမြင်ဖူးသလိုပဲ။ဘယ်နေရာမှာမြင်ဖူးလဲတော့မသိဘူး"
ကြည့်စမ်းပေါက်စ။သေချာကြည့်။မင်းပြောတဲ့လူသတ်သမားလေ။
ငါဒီလူကိုမြင်ဖူးပါတယ်။ရင်းရင်းနှီးနှီးကိုမြင်ဖူးနေတာ။ဘယ်မှာမြင်ဖူးမှန်းမသိဘူး။သေချာကြည့်စမ်း။
"ဟိတ်ပေါက်စ ဘာတွေအဲ့လောက်ငေးနေရတာလဲ။ဘာလဲကိုယ်အရမ်းကြည့်ကောင်းသွားလို့မလား"
ဟင်။ဒီအသံ။နေပါဦး။မျက်နှာမှာတစ်ခုခုတပ်ကြည့်လိုက်။မုတ်ဆိတ်မွေးတပ်ကြည့်လိုက်မယ်။ပြီးတော့နှုတ်ခမ်းမွေးတွေတပ်ကြည့်မယ်။ဟင်😳😳😳😳😳
ဟို..ဟို..ဟိုလူ။
"အားးးးးးးး "
"ဘာ..ဘာ..ဘာဖြစ်တာလဲပေါက်စရ"
"ခင်ဗျားကျုပ်နားကိုမကပ်နဲ့နော်။ကျုပ်ခင်ဗျားကိုတကယ်လုပ်မှာ"
လက်ထဲမှာတံမြက်စည်းကြီးကိုတုန်တုန်ယင်ယင်နဲ့ကိုင်ပြီးပြောနေတဲ့ကောင်လေး။
"ခင်ဗျားဒီကိုဘာလာလုပ်တာလဲ ကျုပ်နဲ့ခင်ဗျားနဲ့ထပ်တွေ့စရာအကြောင်းမှမရှိတာ"
"ကိုယ်လည်းမင်းကိုတွေ့ချင်လို့လာတာမှမဟုတ်တာ။ကိုယ့်အလုပ်ကိုလာတာလေ။"
"ဟုတ်လား ခင်ဗျားအပိုတွေပြောမနေနဲ့ ဒီနေရာကိုဘာကိစ္စနဲ့လာတာလဲ awwwသိပြီ ခင်ဗျားဒီမှာရှိတဲ့ပစ္စည်းတွေကိုလာခိုးတာမလား။ ဗိုလ်စတိုင်ဘာစတိုင်ထွက်အောင်လို့မျက်နှာကအမွေးတွေကိုရိတ်လိုက်သေးတယ်။"
အေးအေးကောင်းတယ်လရောင်။ အရင်လူသတ်သမားဓားပြ။အခုကျတော့သူခိုးတဲ့။ဘွဲ့ဂုဏ်ထူးတွေကများလိုက်တာ။
"ဒီမှာခင်ဗျားကိုပြောနေတာမကြားဘူးလား။ဒါကစစ်တပ်နော်။ဘာမှတ်နေလဲ။ဟွန့်။အော်လိုက်လို့စစ်သားတွေကြားမှာကွိခနဲဖစ်သွားမယ်နော်။"
အဲ့ဒီစစ်သားတွေကိုငါကအုပ်ချုပ်နေတာလေပေါက်စရ။
"မသွားတော့ဘာဖြစ်ချင်လဲကွာ။"
"Awww ခင်ဗျားက မသွားဘူးပေါ့။ရတယ်လေ။
လာကြပါဦးဗျို့ဒီမှာသူခိုး...ဝူး...ဟွင်းးး.းးးး"
တော်တော်အာသံပြဲတဲ့ကောင်လေးပဲ။ဘယ်သူမှမကြားခင်အရင်ပါးစပ်ကိုပိတ်လိုက်တယ်။တော်ကြာတကယ်သူခိုးထင်ပြီးအကုန်ရောက်လာကြမှ။ဒါတောင်ပေါက်စကလုံးဝအငြိမ်မနေ။ရှိသမျှအားကုန်သုံးပြီးရုန်းနေတယ်။