"လာစားလှည့်။ မင်း ဘာလို့လေးကန်နေရတာလဲ? မင်းက ငါတို့ကို ခရီးဖင့်အောင် တစ်ချိန်လုံးလုပ်နေတာပဲ။"

ထိုလူက စိတ်ရှုပ်နေသော လေသံဖြင့်ပြောလာသည်။ ပြီးတော့ သူမကို ဖြတ်သွားပြီး တီးတိုးရေရွတ်လေ၏။

"ဗိုလ်ချုပ်က သူမကို ဘာကိစ္စ ဒီနေရာကို ပို့လိုက်တာလဲ?"

နဉ်ရှု အဲ့ဒီ့လူနောက်က လိုက်သွားလိုက်သည်။ သူမက အခုလေးတင် ဒီကမ္ဘာကို ဝင်ရောက်လာတာဖြစ်ပြီး ဇာတ်ကြောင်းကိုတောင် လက်မခံရသေးချေ။ ဒါကြောင့် ဘာဖြစ်နေလဲဆိုတာ သူမ မသိပေ။ သူမ ပတ်ဝန်းကျင်ကို လေ့လာလိုက်တော့ သူမတို့က စွန့်ပစ်ထားတဲ့ စက်ရုံတစ်ခုထဲမှာဖြစ်ကြောင်း သိလိုက်ရသည်။

သူမရဲ့ ခါးကို အလိုလိုစမ်းလိုက်မိပြီး တကယ်ပဲ သေနတ်တစ်လက်ကို ခံစားမိလိုက်သည်။ သူမ ပိုလုံခြုံသွားသလို ချက်ချင ခံစားလိုက်ရသည်။ အနည်းဆုံးတော့ သူမကိုယ်သူမ ကာကွယ်ဖို့လက်နက်တစ်ခုရှိနေသေးတယ်။

နဉ်ရှု နည်းနည်းအနံ့ခံလိုက်သည်။ သူမပဲ နားလည်မှုလွဲတာလားမသိပေမယ့် လေထုက သူမအသက်ရှူ လိုက်တဲ့အခါ ထူးဆန်းတဲ့အနံ့တစ်မျိုးနဲ့ ပြည့်နေသည်။ ဒီအနံ့က သဲပွင့်လေးတွေလိုမျိုး သူမရဲ့ အဆုတ်ကို ကုတ်ခြစ်နေပြီး ပူလောင်လာစေတယ်။

မသေချာပေမယ့် သူမမှာ ဒါနဲ့ပတ်သက်ပြီး မကောင်းတဲ့ခံစားချက်တွေရနေတယ်။
.....
Comment :

ဘယ်လို Genreဖြစ်မလဲ ခန့်မှန်းကြည့်။
အသိသာကြီးပါ။ ဟီးဟီး -,-

ပြီးတော့ Realm-1(Arc-1)ကို မဖတ်ရသေးဘူးဆိုရင် Realm-1ကို အရင်သွားဖတ်ပြီးမှ ဒါကိုလာဖတ်ပါလို့ ထပ်ပြောချင်ပါတယ်။ Realm-4နဲ့ 1က အဆက်အစပ်ရှိတယ်လို့ E-translatorက ပြောထားပါတယ်။
........

[Unicode]

<စတုတ္ထမြောက် task world>

နဉ်ရှု spaceထဲမှာ ထိုင်ချလိုက်ပြီး သူရဲ့ပတ်လည်က အရာတွေကို စုပ်ယူရင်းနဲ့ ကိုယ်ခံပညာတွေကို ပြန်စဉ်းစားနေလိုက်သည်။ သူမရဲ့ဝိဥာဉ်က နောက်ဆုံးကမ္ဘာနှစ်ခုမှာ ရှိနေတုန်းကထက် ဒီတစ်ကြိမ်မှာ ပိုပြီးပင်ပန်းနွမ်းနယ်နေသည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now