အပိုင်း(၃)

15.1K 1.9K 51
                                    

မျက်နှာသစ် ခြေလက်သန့်စင်ပြီး ဘွားဘွားကြီးအခန်းဆီသွားလိုက်တယ်
သူ့အလုပ်ကဘွားဘွားကြီးကိုအချိန်ပြည့်စောင့်ရှောက်ဖို့ပဲလေ 
အန်တီရင်းက ဘွားဘွားကြီးမနက်စာအတွက်
ပေါင်မုန့်မီးကင်နဲ့နွားနို့တစ်ခွက်အပြင် စတော်ဘယ်လ်ရီ
အနှစ်ယိုဗူးလေးပါထည့်ထားသောလင်ဗန်းလေးရှောင်းကျန့်ကိုပေးလိုက်တယ်
ဘွားဘွားကြီးကအိပ်ယာထဲလဲနေတာမို့အချိန်ပြည့်စောင့်ရှောက်တဲ့သူရှိမှအဆင်ပြေမှာ
ရှောင်းကျန့်ရွာမှာလည်း သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ဖူးတာမို့သိပ်တော့ အခက်အခဲမရှိပေ

" ဘွားဘွားကြီး ဝင်ခဲ့ပြီနော် "

ရှောင်းကျန့် အသံပေးပြီးဝင်လာလိုက်တော့ကုတင်ပေါ်က
ဘွားဘွားကြီးကမျက်လုံးလေးဖွင့်ကြည့်လာတယ်
ရှောင်းကျန့်, ဘွားဘွားကြီးကိုအိပ်ယာပေါ်လဲနေရာမှထူပေးလိုက်ကာခေါင်းအုံးဆင့်ပြီးမီစေလိုက်တယ်

" မနက်စာ စားရအောင် ဘွားဘွားကြီး "

" မစားချင်ပါဘူး
ဒါတွေချည်းစားနေရတာ
ကြာတော့ ငါလည်းစိတ်ပျက်နေပါပြီ
သွားသွား … ပြန်ယူသွား "

ဟုတ်တာပဲ
ဒါတွေချည်းပဲဆိုတော့ ဘွားဘွားကြီးဘယ်စားချင်ပါ့မလဲ
ကိုယ်ချင်းစာတယ် ရှောင်းကျန့်ဆိုလည်းရွာမှာဟင်းနှစ်ရက်ထပ်ရင် တစ်အိမ်လုံးကိုစိတ်ကောက်တော့တာ

" ဘွားဘွားကြီး  ခဏနော်
ကျန့်ကျန့် စားစရာလေးတွေသွားယူပေးမယ် "

ပြောပြီးအဖြေကိုမစောင့်ပဲ လှစ်ခနဲထွက်ပြေးသွားကာလှေကားနားရောက်မှကိုယ်ရှိန်သတ်ပြီးခိုးကြောင်ခိုးဝှက်စားစရာလေးတွေယူလာရတယ်
ဘယ်သူမှမမြင်လို့တော်သေး
အခန်းထဲရောက်တော့ ဘွားဘွားကြီးဘေးကပ်ထိုင်ကာ
လက်ထဲကယူလာသောစားစရာကိုပြလိုက်တော့
ဘွားဘွားကြီးမျက်လုံးကဘလင်းဘလင်းတွေကိုဖြစ်လို့

" ဘွားဘွားကြီး ငရုတ်သီးမှုန့်နဲ့တို့စား
စိမ်းစားသီးလေးတွေ ကျွတ်နေတာပဲ
ဒီနေ့တော့ တစ်လုံးပဲယူလာတယ်
စားချင်ရင်ပြော အများကြီးရှိသေးတယ်
ရွာမှာ ကိုယ်တိုင်ခူးလာတာ "

Honey  Honey  Potato(Completed)Hikayelerin yaşadığı yer. Şimdi keşfedin