၁၉

7K 777 6
                                    

[Unicode]ရှောင်းကျန့်ကဒီရက်ပိုင်းစာရေးခြင်း၊စာဖတ်ခြင်းနဲ့အလုပ်ရှုပ်နေတာသုံးရက်လောက်ရှိနေပြီ။မနေ့ညကဆိုရင်ညဉ့်နှစ်နာရီလောက်မှအိပ်ယာဝင်ပြီးမနက်ကျလည်းခြောက်နာရီလောက်ထပြီးတဂျောက်ဂျောက်နဲ့laptopနှိပ်ပြီးစာရေးနေသည်။ဝါသနာပါတာလေးကိုအားကြိုးမာန်တက်လုပ်နေတာလေးမို့ရှောင်းကျန့်ကိုရိပေါ်ကမတားရက်ပါ။ကျန်းမာရေးထိခိုက်မှာဆိုးလို့သာရိပေါ်ကရံဖန်ရံခါဝင်ပြောတက်သည်။

" ကျန့်ကော... "

" ရိပေါ် ခဏလေး ... ကောကောဒီတစ်ပိုင်းလေးပြီးအောင်ရေးချင်လို့။ "

ထိုင်ခုံးလေးပေါ်လူတစ်ကိုယ်လုံးပါမကခြေထောက်လေးပါတင်ပလ္လင်ခွေထိုင်ကာရှေ့စားပွဲမှာတော့laptopတင်ထားပြီးစာရေးနေသည်။အနောက်ကကြည့်တာတောင်သေးသေးလေးနဲ့ချစ်စရာလေးမို့အဲ့ဒီထိုင်ရက်လေးအတိုင်းရိပေါ်ကပွေ့လိုက်သည်။မျက်လုံးလှန်ပြီးကြည့်လာတဲ့ရှောင်းကျန့်ကတကယ်အသည်းယားစရာလေး။

" ကောကော စာမပြီးသေးပါဘူးဆို "

ရိပေါ်လက်မောင်းကိုဖြန်းဖြန်းရိုက်ရင်းခုံပေါ်ပြန်ချပေးဖို့ပြောနေတာမို့ရိပေါ်ကပြန်ချပေးလိုက်သည်။ပြီးနောက်ခုံပေါ်ကိုလက်နှစ်ဖက်ထောက်လိုက်ကာရှောင်းကျန့်ကိုback hugနဲ့သူ့ရင်ခွင်ကြားရောက်အောင်ထားလိုက်တယ်။

" ၁၂ကျော်နေပြီလေ။ နေ့လည်စာစားရအောင် "

" ခဏလေးပါဆို "

" ကိုယ့်ကိုနည်းနည်းပေးဖတ်ကြည့် "

ရိပေါ်က ပြောတော့ရှောင်းကျန့်ရဲ့လက်ချောင်းလှလှလေးတွေကlaptopပေါ်ရွေ့လျားသွားကာအပိုင်းအစဆီကိုပို့လိုက်သည်။ပြီးတော့ရှောင်းကျန့်ကိုယ်ပေါ်ကနေခါးကိုင်းကာအုံ့မိုးထားသောရိပေါ်မျက်နှာလေးကိုမော့ကြည့်သည်။

" Wow လက်ထပ်ထားတဲ့အတွဲပဲ။ Marriage Lifeပေါ့။ "

" အွန်း ... "

" Boy Love? "

" အင်း "

ရှောင်းကျန့်ကခေါင်းလေးငြိမ့်ရင်းဖြေပေးသည်။နီးကပ်နေတဲ့ရိပေါ်မျက်နှာနဲ့စကားပြောလိုက်တိုင်းတလှုပ်လှုပ်ဖြင့်ဆွဲဆောင်မှုရှိလှတဲ့ရိပေါ်ရဲ့ Adam Appleကိုငေးကြည့်နေလိုက်သည်။

Honey  Honey  Potato(Completed)Where stories live. Discover now