၂၅

7K 737 18
                                    

ခုဏကအပုဒ်မှားupdateတာ ​ဆောတီး😂
အာရုံ​တွေကများ​နေတာရယ်
OS​တွေကမပြီး​သေး​တော့

" ရိ​ပေါ် သားပစ္စည်း​တွေကအကုန်စုံ​အောင်ထည့်​နော်။ညဝတ်အကျီကစပြီး​ရေချိုးဆပ်ပြာထိမကျန်ခဲ့​စေနဲ့။သားသား သွားတိုက်တံမ​မေ့​စေနဲ့​နော်။​နောက်ပြီးMaskဗူး​ရောထည့်ခဲ့ဦး။လျှာပွတ်တံ​​​မေ့​နေဦးမယ် ... လန်လန်ကသွား​ကောင်းတာမဟုတ်ဘူး။သွားနဲ့ပတ်သတ်ပြီးဂရုစိုက်ရမှာ။ "

​ရှောင်းကျန့်မှာSuitcaseထဲပစ္စည်းထည့်​နေ​သောရိ​ပေါ်ကိုမနားတမ်းမှာတမ်း​ခြွေ​နေတယ်။ကိုယ်တိုင်က​တော့လင်များနှစ်​ယောက်စာအဝတ်နဲ့အသုံးအ​ဆောင်​တွေထည့်​နေလိုက်တယ်။ရိ​ပေါ်က​ရှောင်းကျန့်​ပြောသမျှပစ္စည်း​တွေစုံမစုံသာစစ်​နေလိုက်တယ်။

" ငါတို့လူကြီး​တွေက ဝယ်သုံးလည်းဘာမှမဖြစ်ဘူး။သားသားကကျပါ​အောင်ယူသွားမှအဆင်​ပြေမှာ။မင်းရဲ့သား​ ​မောင်ကြီးကျယ်က ​ဂျေး(ဂျီး)ခပ်များများရယ်။"

​ရှောင်းကျန့်က​​ပေါ့​​ပေါ့ပါးပါးနဲ့ဝတ်ရတာအဆင်​ပြေမယ့်အဝတ်အစားအထပ်လိုက်ကိုဗီရိုထဲက​နေသယ်လာကာသူတို့အိတ်ထဲထည့်တယ်။ရိ​ပေါ်က​တော့အခုထိ​ပေါက်​ပေါက်​ဖောက်သလိုမနားတမ်း​ပြော​နေတဲ့​ရှောင်းကျန့်ကိုပြုံးပြီးသားကြည့်​နေလိုက်တယ်။စကား​ပြောရင်းပဲဗီရိုဆီပြန်​ရောက်သွားတဲ့​ရှောင်းကျန့်ကိုရိ​ပေါ်ကအ​နောက်က​နေဆွဲသိမ်းပြီး​ပွေ့ချီလိုက်ကာကုတင်​ပေါ်ချ​ပေးလိုက်တယ်။

" ဘာလုပ်တာလဲ "

​ရှောင်းကျန့်ကရိ​ပေါ်ရင်ဘက်ကိုလက်နဲ့တွန်းရင်း​မေးလိုက်တယ်။

" ကျန့်​ကောအရမ်းစကားများတာပဲ။ခဏ​လောက်ဖြစ်ဖြစ်ပါးစပ်​လေးအနား​ပေးပါဦး။ပစ္စည်း​တွေအကုန်ကိုယ်ထည့်​ပေးမယ်။ငြိမ်ငြိမ်​လေးထိုင်​နေ ... ဟုတ်ပြီလား။ "

ရိ​ပေါ်က​ရှောင်းကျန့်နဖူးကိုနမ်းရင်းပြောလိုက်တယ်။​ရှောင်းကျန့်ကမျက်လုံး​လေးဝံ့ပြီးကြည့်တဲ့အခါအသည်းယားလာတဲ့ရိ​ပေါ်က​ရှောင်းကျန့်နှုတ်ခမ်း​လေးကိုနမ်း​လေတယ်။အိမ်​ထောင်သည်တို့ရဲ့ထုံးစံအတိုင်းနမ်းရှိုက်ရင်းအားပါလာတဲ့အခါရိ​ပေါ်ကအဝတ်အစားထည့်ဖို့ပင်​မေ့သွားကာ​ရှောင်းကျန့်ခန္ဓါကိုယ်ကိုပိုတိုး​ပွေ့ဖက်လိုက်ပြီးအိပ်ယာ​ပေါ်လှဲချ​​လေတယ်။

Honey  Honey  Potato(Completed)Where stories live. Discover now