အပိုင္း(၁၆)

7.1K 851 15
                                    

"အချိန်ကျပြီ။ အပိုင်း(၃)သွားကြည့်လိုက်ဦးမယ်။"

နာရီလက်တံမှာခုနှစ်နာရီစွန်းစွန်းဆိုတာကိုညွှန်ပြသွားသည်နှင့်​ရှောင်းကျန့်ကရိ​ပေါ်ရင်ခွင်ထဲမှထွက်ကာအိပ်ယာ​ပေါ်မှာတင်ထား​သောအသား​ရောင်လက်ရှည်​လေးကို​ကောက်ယူပြီးကိုယ်​ပေါ်ကိုထပ်ဝတ်လိုက်သည်။ရိ​ပေါ်ကကုတင်​ပေါ်လှဲ​နေရင်းဇာတ်ကားအသစ်အတွက်trailerကြည့်ရင်း​ရှောင်းကျန့်ကို​မော့ကြည့်သည်။

" သုံးညရှိပြီ။ ဘယ်​ထွက်ထွက်သွားတာလဲ။ "

​ရှောင်းကျန့်ကရိ​ပေါ်ကိုပြုံးပြလိုက်ပြီးလက်​လေးနဲ့အသာအယာ​ခေါ်ကာသူ့နားကပ်ဖို့​ပြောသည်။ရိ​ပေါ်ကလှဲ​နေရာမှထကာအနားတိုးကပ်​ပေးလိုက်​တော့

"​ဘေးဘက်ခြံကိုလူသစ်​တွေ​ပြောင်းလာတာ​လေ။ညားခါစလင်မယားတဲ့။အသံ​တွေအရသက်​တွေက၅၀​ကျော်​​လောက်နေပြီ။အချစ်နဲ့အသည်းတဲ့​ခေါ်တာ ခွီးးအူယားစရာကြီး။အဲ့တာငါဟိုတ​​နေ့က​ပန်းပင်​တွေအတွက်​မြေသြစာသွားထည့်ရင်းကြားလာတာ။ရယ်ရလို့သွားနား​ထောင်​နေတာသုံးညရှိပြီ။မင်း​ရောလိုက်ဦးမလား။"

ရိ​ပေါ်ကိုပါအ​ဖော်စပ်​နေတဲ့​​ရှောင်းကျန့်​​ကြောင့်ရိ​ပေါ်သက်ပြင်းသာချမိသည်။ဒီစပ်စပ်စုစု​လေးက​တော့တကယ့်မလွယ်​ကြော​လေး။

" မင်းမလိုက်ရင်လည်း​နေ​ပေါ့။မျက်နှာကြီးကဘာဖြစ်​နေတာလဲ။ငါသွားနား​ထောင်လိုက်ဦးမယ်။ "

" အ​နွေးထည်ကြီးကဘာကိစ္စဝတ်သွားတာလဲ ပူကပူနဲ့ "

"အတွဲ​ချောင်းပါတယ်ဆိုမှခြံထဲမီးပိတ်ပြီး​မှောင်ရိပ်ခို​ချောင်းတာ​ပေါ့။ ခြင်ကိုက်တယ်ကွ ...သွားပြီသွားပြီ။အစပိုင်း​တောင်လွတ်ကုန်ပြီ တကယ်ပါပဲ။

​ရှောင်းကျန့်ကရိ​ပေါ်ကိုစိတ်မရှည်သလို​ပြောပြီး​​ပြေးထွက်သွားသည်။ရိ​ပေါ်လည်းပြတင်း​ပေါက်တံခါးကိုလိုက်ကာကိုဖယ်ပြီး​ရှောင်းကျန့်ကိုကြည့်​နေလိုက်သည်။အုတ်တံတိုင်းနားကိုနားရွက်​လေးကပ်ကာခန္ဓါကိုယ်ကဖားပျံ​​လေးလိုနံရံမှာကပ်ပြီး​ချောင်း​​နေလိုက်တာ။ဝါသနာကြီးချက်။

Honey  Honey  Potato(Completed)Where stories live. Discover now