၂၁

6.5K 776 9
                                    

အပိုင်း(၂၁)

​နေမ​ကောင်းဖြစ်​နေ​သော​ရှောင်းကျန့်​ကြောင့်ဝမ်ရိ​ပေါ်က​ကြော်ငြာရိုက်ကွင်းကို​တောင်မန်​နေဂျာနဲ့​ပြောပြီးနှစ်ရက်​တောင်ရက်​ရွှေ့ထားရတယ်။​နေမ​ကောင်းလို့ရယ်လားမသိဘူး။​ရှောင်းကျန့်ကစိတ်ဆတ်လာကာ​သေး​သေးတင်မခံဖြစ်လာသည်။တစ်ခုခုဆိုရင်အရင်ဆုံးစိတ်ဆိုးစိတ်​ကောက်သည်၊အဲ့ကတစ်ဆင့်တက်လာရင်တအီအီနဲ့ဂျီကျသည်၊​နောက်ဆုံးအဆင့်က​ရိ​ပေါ်ကိုထုရိုက်လာသည်။ဝတ္ထု​ရေးတဲ့​နောက်ပိုင်းစိတ်ကလည်းနုလာကာထစ်ခနဲရှိအလိုမကျရင်မကျသလို​ကွေး​နေ​အောင်​ကောက်​သေးသည်။

" ​ရှောင်းကျန့် လာထိုင်​လေ ... ကိုယ်​ချုံချင်း​ခေါက်ဆွဲပြုတ်ဝယ်ထားတယ်။orange juice​ရောပဲ။မင်းအကြိုက်မလား။"

ထမင်းစားခန်းထဲကိုယိုင်တိုင်တိုင်နဲ့ဝင်လာတဲ့​ရှောင်းကျန့်ကိုရိ​ပေါ်ကခုံဆွဲယူ​ပေးကာထိုင်​စေသည်။အစကကိုယ်တိုင်အခန်းထဲသွားပို့မလို့ပဲ။သို့​ပေမယ့်ဒီယုန်ဆိုး​လေးကဒီထိ​ရောက်လာမှ​တော့ပို့မ​နေ​​တော့ဘူး။

" ပါးစပ်ထဲကခါး​နေတယ်။ဘာဝါးဝါး ​ဖော့တုံးကြီးကိုက်​နေရသလိုပဲ ...အရသာမရှိဘူး။ "

မျက်လုံး​လေးဝံ့ရင်းညူစူစွာ​ပြော​လေ​​တော့ရိ​ပေါ်ကတစ်ချက်ရယ်လိုက်ပြီး

" ပါးစပ်မ​ကောင်းလို့ပါ။များများစား​ပေး ခံတွင်းလိုက်လာလိမ့်မယ်။ "

​ရှောင်းကျန့်လက်ထဲကိုတူ​လေးထည့်​ပေးပြီးဝမ်ရိ​ပေါ်က​ဘေးမှာထိုင်ရင်း​ချုံချင်း​ခေါက်ဆွဲကိုထိုင်စား​နေလိုက်သည်။အစပ်ကဲမှန်းသိ​ပေမယ့်ခု​လောက်ထိစပ်မယ်မထင်တာ​ကြောင့်ပါးစပ်ထဲတရစပ်သွတ်သွင်းမိတဲ့ရိ​ပေါ်မှာသီးသွားရသည်။

" ​ရေ ... ​ရေ​သောက်လိုက်​ရော့ "

​ရှောင်းကျန့်က​ရေခရားထဲက​ရေကိုပြာပြာသလဲထည့်​ပေးသည်။

" ရ ... ရတယ် "

​နေမ​ကောင်းဖြစ်​နေတဲ့​ရှောင်းကျန့် ထလုပ်​ပေး​နေရမှာမို့ရိ​ပေါ်ကကိုယ်တိုင်ပဲထယူဖို့အတွက် တားလိုက်မိသည်။

Honey  Honey  Potato(Completed)Where stories live. Discover now