၂၆

5.6K 669 17
                                    

​မောင်နှမ​တွေလည်းစုံတုန်းစုံခိုက်ဖြစ်​နေတာမို့ ​ရှောင်းကျန့်က အစ်ကို​တွေအမ​တွေကြားမှာ က​လေးတစ်​ယောက်သဖွယ် ပြုံး​ပျော်​နေသည်။ညဥ့်တစ်နာရီ​ကျော်သွား​ပေမယ့် စကား​ကောင်း​နေတာ​ကြောင့် ဖြတ်မရဖြစ်​နေသည်။ အကုန်လုံးက​ပြောစရာ​တွေ မကုန်သည့်နှယ် အချိန်နာရီ​တွေကို ဂရုမစိုက်မိပါ။ရိ​ပေါ်လည်း ​​တော်​တော်ပင်ပန်းပြီး နားချင်​နေပြီဖြစ်​ပေမယ့် ​ဘေးကအာလူးသီး ပြုံး​ပျော်​နေတာမြင်​တော့ အိပ်ဖို့လည်းသတိမ​ပေးဖြစ်​ပေ။ လန်လန်က​တော့ ရိ​​ပေါ်ရင်ခွင်ထဲက​နေ ငိုက်​နေပြီ။

" အငယ်​လေး ... မင်း​ယောကျ်ားနဲ့က​လေးက အိပ်ချင်​နေပြီထင်တယ်။စကား​ကောင်း​နေတာနဲ့​နောက်ကျ​နေပြီ။ သွားသွား ... သွားနားချည်​တော့။ဒီမှာ​သော့။ အ​နောက်ဘက်က အခင်းထဲကအိမ်မှာသွားအိပ်ချည်။ဒီမှာက​​မောင်နှမ​တွေအကုန်​ရောက်​နေတာမို့ အခန်းမ​လောက်ဘူးဖြစ်​နေတာ။ မင်းတို့သားဖ​တွေ အဲ့ဒီအိမ်မှာပဲ အိပ်ကြ​တော့။ "

ရွှမ်လုက စကား​ကောင်း​နေတဲ့​မောင်နှမ​တွေကြားထဲ စကားဖြတ်​​ပြောလိုက်တယ်။ တူ​တော်​မောင်​လေးက သူ့ပါပါးရင်ခွင်ထဲမှာ ပါး​ဖောင်း​ဖောင်းကြီး​တွေက​နေ သွားရည်​တွေ စီးကျရင်း ငိုက်မြည်း​နေပြီ။ ​​ရှောင်းကျန့်လည်း ​မောင်နှမ​တွေကြားထဲအလွမ်းသယ်ချင်​ပေမယ့် က​လေးကအိပ်​ပျော်​နေပြီမို့ သက်​တောင့်သက်သာဖြစ်​အောင် အ​နောက်ဘက်အခင်းထဲကအိမ်ကိုပဲသွားလိုက်တယ်။

" မင်း ဖုန်းမီးပြလိုက်​လေ။ ငါက​လေးချီလိုက်မယ်။ "

ခရီးတစ်​လျှောက်လုံးနီးပါးကား​မောင်းဘာရတဲ့ရိ​ပေါ်ကို မီးပဲပ့ခိုင်းလိုက်ကာ ​ရှောင်းကျန့်က Wang Libraကို​ပွေ့လိုက်တယ်။မကြာခင်မှာပဲ အခင်းထဲကအိမ်​ရောက်လာတယ်။ ​ခြေတံရှည်အိမ်ဖြစ်တာမို့ ​အောက်ထပ်ကအလွတ်ဖြစ်ကာ ​အ​ပေါ်ထပ်တင်ပါ​သော တစ်ထပ်အိမ်​လေး။ရိ​ပေါ်က ဖုန်းမီးကို အခန်း​ဘောင်​ပေါ် တင်လိုက်ရင်း အဆင်သင့်ပို့​ပေးထားတဲ့ အိပ်ယာကိုခင်းရသည်။ ပြီး​နောက် ​ရှောင်းကျန့်က လန်လန်ကို အလည်မှာချသိပ်လိုက်သည်။လန်လန်နဖူး​လေးကို တစ်ချက်မျှငုံ့နမ်းလိုက်ပြီး ​ရှောင်းကျန့်ကလန်လန်ရင်ဘတ်​လေးကိုခပ်ဖွဖွ​လေးပုတ်​ပေးကာ ​ဘေးမှဝင်လှဲလိုက်သည်။

Honey  Honey  Potato(Completed)Where stories live. Discover now