ဇာတ်သိမ်း

10.6K 858 38
                                    

မနက်​မိုးလင်း​တော့ ​ရှောင်းကျန့်က အရင်ဆုံးထလိုက်တယ်။​ခြေကားလက်ကားနဲ့အိပ်ပြီး အ​​ဖေ​ဖြစ်သူရိ​ပေါ်လည်ပင်းကို လက်တစ်ဖြင့်ဖက်ကာ တရူူးရူူးအိပ်​နေ​သော ဝတုတ်​ကောင် Libra​လေးကိုအသည်းယားလာတာ​ကြောင့် ဖင်လုံးလုံး​​လေးကို ​ရှောင်းကျန့် လက်​လေးနဲ့သုံး​​လေးချက်​လောက်ဆင့်ရိုက်လိုက်တယ်။ ပြီး​​နောက် သားကို​ရော၊​ယောကျ်ားကိုပါ ပါးနှစ်ဖက်လုံးကို​မွှေးကြူလိုက်တယ်။ပြီး​နောက်အိပ်​နေတဲ့သားဖကို မနှိုး​တော့ပဲ အိမ်​အောက်မှာပဲတကုပ်ကုပ်နဲ့အလုပ်ရှုပ်​နေ​တော့တယ်။

ဝမ်ရိ​ပေါ် အိပ်ယာနှိုး​တော့ ​ဘေးမှာ လန်လန်​​လေးသာရှိ​တော့တယ်။ လည်ပင်း​ပေါ်​ရောက်​နေတဲ့လန်လန်လက်​လေးကို ခပ်ဖွဖွ​လေးဖယ်လိုက်​တော့ က​လေး​ပေါက်စနကနိုးလာတယ်။

" ​​စော​သေးတယ် အိပ်အိပ် သားသား "

" အိပ်​ရေး ဝပါပြီ ပါပါးရိ​ပေါ်ရဲ့ "

Wang Libraကလက်က​လေးရမ်းကာသူ့ကိုချီ​ပေးဖို့
ချွဲ​နေတာမို့ ရိ​ပေါ်က နဖူး​လေးကိုနမ်းပြီး​ကောက်​ပွေ့လိုက်တယ်။ပြီး​နောက် ​အောက်ထပ်ကိုဆင်းလာတယ်။ အိမ်​အောက်မှာ​တော့ ​ရှောင်းကျန့်က ​မြေကျွင်းတူးကာ ထင်းမီးဖို လုပ်ရင်း ဘာ​တွေချက်​နေတယ်မသိဘူး။ပွစိခက်​နေတာပဲ။

" အာ ... နိုးလာကြပြီပဲ။မျက်နှာသစ်ပြီးရင် ဒီကိုလာကူညီ​ပေးကြ။ "

" အင်း "

ရိ​ပေါ်က မြန်မြန်ဆန်ဆန်ပဲမျက်နှာသစ်​ခြေလက်သန့်စင်တယ်။ပြီး​နောက်​ရှောင်းကျန့်​ဘေးမှာ သွားကူညီ​​ပေးတယ်။ စ​ကော​​တွေ၊ဗန်း​တွေထဲမှာ ဟင်းသီးဟင်းရွက်၊အသားငါးအစုံအစိကိုထည့်ထားတာ။

" ကျန့်​ကော ... ဒါ​တွေကဘာလုပ်ဖို့လဲ "

" ချက်ဖို့​​လေ။ ရွာ​ရောက်တုန်း​ရောက်ခိုက်ငါ့လက်ရာ​လေးစား​စေချင်လို့ ...ဟီး။သိပ်မချက်တက်​ပေမယ့် စားရတာအရမ်းမဆိုးဘူးဆိုတာအာမခံတယ်။ ဒီလို လက်လက်ဆက်ဆက်နဲ့ခြံထဲကထွက်ထွက်ချင်း​တွေကရွာမှာ​ရောက်တုန်းပဲစားရတာကွ။ ကဲပါ ... ငါ့ကိုလာကူညီ​ပေးကြ။ မိုးအုံ့​နေ​တော့ မိုးရွာလာမှာဆိုးလို့။ "

You've reached the end of published parts.

⏰ Last updated: Jun 06, 2021 ⏰

Add this story to your Library to get notified about new parts!

Honey  Honey  Potato(Completed)Where stories live. Discover now