အပိုင်း(၁၈)

7K 830 11
                                    

ဘုရားကိုးဆူပွဲမှာ​ရှောင်းကျန့်ကတစ်စက်က​လေးမှအငြိမ်မ​နေ​ပေ။တော်ကြာ​​နေရင်းဟို​​လျှောက်သွားလိုက်၊ခဏ​နေရင်အိမ်​ရှေ့ထွက်​မျှော်လိုက်နဲ့တ​တောက်​တောက်နဲ့​လျှောက်သွား​​နေသည်။မသိရင်ရည်းစားနဲ့ပထမဆုံးချိန်း​​တွေ့မယ့်သူပမာ။

ဧည့်သည်​တွေနဲ့စကား​ပြော​နေ​​​သောရိ​ပေါ်နားကပ်လာကာရိ​ပေါ်လက်​မောင်း​လေးကို​ရှောင်းကျန့်ကလက်ညိုးနဲ့လက်မသုံးကာဆွဲလိမ်လိုက်ပြီး

" မင်း မဖိတ်ထားဘူးလား "

" ဖိတ်ထားပါတယ်ဆိုကွာ ... ငြိမ်ငြိမ်​လေးထိုင်​နေ ... "

ရိ​ပေါ်က ဆူ​ငေါက်သလို​လေး​ပြော​တော့လည်းမျက်နှာငယ်​လေးနဲ့ရိပေါ်​ဘေးကပ်ကာထိုင်​နေသည်။ရှောင်းကျန့်ကစိတ်မ​ကောင်းဖြစ်သွားတာသိ​​တော့ရိ​ပေါ်မ​နေနိုင်ပါ။

" ကိုယ်ဆူလိုက်တာမဟုတ်ပါဘူးကွာ "

ရှောင်းကျန့်ပုခုံး​လေးကိုရိ​ပေါ်ကဖက်လိုက်ကာလက်​မောင်းသား​လေးကိုတစ်ချက်ဖျစ်ညှစ်ပြီး​ချော့သလို​လေး​ပြောလိုက်သည်။မ​​နေ့ညထဲကဒီဟာ​​လေးကစိတ်နုနု​နေတာ။ဘာဆိုဘာမှကိုအ​ပြောမခံတဲ့အထိ။

အိမ်နီးချင်းငါးအိမ်​လောက်သာဖိတ်ပြီးလုပ်တဲ့ပွဲ​လေးမို့လူကအရမ်း​တော့မများ​ပေ။ဧည့်သည်​ရှစ်ယောက်သာရှိ​လေသည်။မကြာခင်မှာပဲ​ရှောင်းကျန့်​မျှော်လင့်​နေ​သောဇာတ်လိုက်လင်မယား​ရောက်ချလာသည်။

" ​ရောက်လာပြီ "

ရိ​ပေါ်က​ရှောင်းကျန့်ကိုတစ်​တောင်​လေးနဲ့တို့ကာ​​ပြော​တော့​ခေါင်း​မော့ကြည့်လာသည်။တစ်ဆယ့်နှစ်ညတိတိမှောင်ရိပ်ခို​ချောင်းလာခဲ့ရတဲ့​တော်ကီကြွယ်တဲ့ဘဲကြီးကိုမျက်ဝါးထင်ထင်မြင်ခဲ့ရပြီ။

" အန်ကယ် ... ဒီကိုကြွပါ "

ရိ​ပေါ်က ဘိုး​တော်ကို​ရှောင်းကျန့်အနားထိ​ခေါ်လာ​ပေးကာဘွား​တော်ကို​တော့​မေ​မေတို့နဲ့အတူပရိတ်ရွတ်ဖတ်သည့်​နေရာပို့ထားလိုက်သည်။

" ကျွန်​တော့်အမျိုးသား​ရှောင်​ရှောင်းကျန့်ပါ "

" ​တွေ့ရတာဝမ်းသာပါတယ် "

Honey  Honey  Potato(Completed)Where stories live. Discover now