《 13 》

8.2K 519 88
                                    

ပြတင်းပေါက်နေ တဆင့်ဖြာကြလာသည့် ခပ်နွေးနွေး နေရောင်ခြည်‌လေးကြောင့် Jimin နိုးလာသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ချောမောလှသည့် အမျိုးသားဖြစ်သူကို ငေးကြည့်ရသည့် အချိန်‌တွေဟာ နေရောင်ခြည်တွေလိုမျိုး နွေးထွေးလွန်းသည်။ သူ့ရှေ့မှာရှိနေသည့် ရင်ခွင်ကျယ်ကြီးထဲကို Jimin ပိုတိုးဝင်ချင်ပေမယ့် တစ်ကိုယ်လုံး ကိုက်ခဲကာ နုံးချိနေတော့သည်။ ညတုန်းက နွေဦးညလေးကို အားကြိုးမာန်တက် ဆင်နွှဲခဲ့သည့် အကျိုးဆက်တွေပင်။

Jimin Jung Kook ဘက်ကို လှည့်ကြည့်လိုက်တော့ ရင်ဘတ်က တက်တူးကြောင့် အပြုံးတွေက ဖြစ်တည်လာရသည်။

_မနေ့ညဝယ်_

Jung Kook တစ်ယောက် နွေဦးညလေးကို စဖို့အတွက် Jimin ရဲ့ အင်္ကျီတွေကို အကုန်ချွတ်ပြစ်လိုက်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကတော့ အဝတ်တစ်ထည်တောင် မချွတ်ထားသည်ပင်။ ရှက်လွန်းသဖြင့် မျက်လုံး အတင်းမှိတ်ထားသည့် ပါးဖောင်းလေးက Jung Kook ညစ်နေတာကို မသိသေးတာမို့လို့ Jung Kook ညစ်ကျယ်ကျယ်ပြုံးကာ အထိမခံတဲ့နေရာလေးတွေကို ကလိလိုက်သည်။ ထိုအခါမှ မျက်လုံးဖွင့်ကာ မျက်ရည်ကြည်လေးတွေနဲ့ ကြည့်လာတဲ့ ပါးဖောင်းလေးကြောင့် Jeon Jung Kook တို့ အသည်းယားရပြန်သည်။

"ကိုကိုက လူဆိုးကြီး အ ဟင့်"

"လူဆိုးကြီးကိုလည်း ချစ်တာပဲမလား"

Jung Kook Jimin ရဲ့ နားသယ်စလေးကို နမ်းကာ ပြောလာတော့ ပါး‌ဖောင်းလေးက အောက်နှုတ်ခမ်းလေးကို ကိုက်ကာ ခေါင်းငြိမ့်ပြလာသည်မို့ Jung Kook စိတ်တွေ ထိန်းချုပ်လို့မရကာ နွေဦးညလေးကို အမြန်စဖို့သာ တာဆူနေသည်။

"ကိုကို့ကိုပဲ ကြည့်နေပေးနော် အချစ်ကလေး"

"ဟုတ် ကိုကို"

Jung Kook အင်္ကျီကို ချွတ်လိုက်တော့ ပါးဖောင်းလေးဟာ ရှက်ရွံ့ကာ မျက်လုံးမှိတ်ဖို့ ပြင်လိုက်ပေမယ့် သူ့စကားကြောင့်ရော၊ သူ့ရင်ဘတ်က အရာလေးကြောင့်ရော မျက်လုံးလေးတွေဟာ မမှိတ်သွားခဲ့ပေ။

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now