《 1 》

16.6K 1K 67
                                    

"အငယ်လေးရေ လာပါအုံး။ ထမင်းစားလို့ရပြီ"

Hoseok ရဲ့ ခေါ်သံကြောင့် Jimin အခန်းထဲကနေ ထွက်လာတော့သည်။ Park အိမ်တော်ရဲ့ အချစ်ခံလေးဖြစ်သည့် Jimin ဟာ ယခုလဲ အစ်ကိုဖြစ်သူတွေ ကိုယ်တိုင်ချက်ကျွေးထားသည့် နေ့လည်စာကို ပျော်ပျော်ရွှင်ရွှင်နှင့် စားသောက်နေတော့သည်။

"ဒီနေ့ Jin Hyung အလှည့်မဟုတ်ဘူးလား။ Hobi Hyung က ဘာလို့ဝင်ပြင်ပေးနေတာလဲ"

"Park Jimin ထမင်းပြီးအောင်
စားပြီးမှ စကားပြောစမ်း"

Hoseok ပြန်မဖြေခင် Jimin နှုတ်ခမ်းနားမှာ ပေနေသည့် ဟင်းအနှစ်တွေကို တစ်ရှူးနှင့် သုတ်ပေးကာ ပြောလာသည့် Yoongi ကြောင့် Jimin မှာ ခေါင်းငြိမ့်ပြလိုက်ရသည်။ အစ်ကိုသုံးယောက်ထဲမှာ Jimin က Yoongi ကို အကြောက်ရဆုံးပင်။

"အာ Yoongi Hyung ကလဲ အငယ်လေးကို မဆူနေပါနဲ့။ အငယ်လေးက သိချင်လို့မေးတာကို"

"Jin Hyung ကိစ္စက တစ်ခွန်းတည်းနဲ့ ပြီးမယ့်ကိစ္စမို့လို့လား။ မင်းလဲထမင်းစားပြီးမှ ဒီပေါက်စကို ပြောပြလိုက်"

Jimin မှာ ထိုစကားကြောင့် စိတ်ဝင်စားသွားပေမယ့် Yoongi ရဲ့ "ထမင်းစားပြီးမှမေး"ဆိုသည့် စကားကြောင့် ငြိမ်ငြိမ်လေး ထမင်းစားလိုက်ရသည်။ Hoseok ကလည်း စိတ်အခြေအနေမကောင်းသည့် Yoongi ကြောင့် ခေါင်းငြိမ့်ကာ ထမင်းစားလိုက်တော့သည်။ သူတို့အစ်ကိုအကြီးဆုံး ရှာလာသည့် ပြဿနာက ပေါ့သေးသေးမှမဟုတ်ပဲ။

ထမင်းစားပြီးသည့်နောက်မှာ Yoongi က ပန်းကန်ဆေးနေတာမို့ Jimin Hoseok လက်ကိုချိတ်ကာ ဧည့်ခန်းကို ထွက်လာလိုက်တော့သည်။ ထို့နောက် ဆိုဖာမှာထိုင်ကာ Hoseok ခွံ့ကျွေးလာသည့် ပန်းသီးစိတ်ကိုစားရင်းနှင့် စမေးတော့သည်။

"Jin Hyung က ဘာလုပ်ထားလို့လဲဟင်။ ဒီတစ်ခေါက်က ကိစ္စက တော်တော်ဆိုးလို့ Yoongi Hyung က ဒီလောက်ဒေါသ ထွက်နေတာလားဟင် Hobi Hyung"

"အင်း ဒီတစ်ခေါက် Jin Hyung မွှေးလိုက်တဲ့မီးက တော်တော်ဆိုးတယ်။ အဲ့တာကြောင့် Yoongi Hyung က ဒေါသထွက်နေတာ"

"ကုမ္ပဏီမှာ ထပ်ပြီးတော့ ရန်ဖြစ်ပြန်ပြီလား။ ဘယ်သူ့ကို ထပ်ပြီး မောင်းထုတ်လိုက်ပြန်ပြီလဲ"

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now