《 12 》

7K 530 102
                                    

       Jeon Jung Kook + Park Jimin 》

             《 Happy Wedding Day 》

နာမည်ကြီးအိမ်တော်နှစ်ခု ပူးပေါင်းသည့် လက်ထပ်ပွဲဖြစ်တာမို့လို့ လာရောက်သည့်လူတွေက ကြိတ်ကြိတ်တိုးပင်။ လိုက်ဧည့်ခံပေးရသည့်သူတွေမှာလည်း လက်မလည်အောင်ဖြစ်နေသလို နေရာတိုင်းကို အဖြူရောင်ကြီးပဲသုံးထားသည်မို့လို့ အတော်လေးကို ခမ်းနားနေသည်ပင်။

"Hobi Hyung ရော မရောက်သေးဘူးလား"

"ရောက်ပါပြီဗျာ။ ငါတို့အိမ်က အငယ်ဆုံးလေးက လှနေလိုက်တာကွာ။ Jung Kook လက်ထဲ ထည့်ပေးရမှာကိုတောင် နှမြောမိတယ်"

"အစကတော့ သားကိုပေးလိုက်ရတာကို မနှမြောဘူးပေါ့လေ Hobi Hyung"

Jimin စကားကြောင့် Hobi က ရယ်လာသည်။ ထို့နောက် Hobi အနောက်ကလူကို သတိထားမိတဲ့အချိန်မှာ အတော်လေးကို အံ့အားသင့်မိသွားသည်။

"Kim TaeHyung!! မင်းဆံပင်တွေ သွားဆက်လာတာလား။ ဒီလိုပုံစံကရော ဘယ်လိုဖြစ်...."

သူ့ကိုကြောင်တောင်တောင်ကြည့်လာတဲ့ TaeHyung နဲ့ ပိုပြီးရယ်လာတဲ့ Hobi ကြောင့် Jimin စကားပြောနေတာ ရပ်သွားတော့သည်။

"အငယ်လေးရာ အဲ့တာ TaeHyung မဟုတ်ဘူး။ Hyung ချစ်သူ Vicent King လို့ခေါ်တယ်။ မောင်နှုတ်ဆက်လိုက်ပါအုံး။ ကိုယ့်ညီအငယ်ဆုံးလေးလေ။ မောင်ထက် ၁နှစ်လောက်ငယ်တယ်"

"အာ တွေ့ရတာ ဝမ်းသာပါတယ်"

King ကနှုတ်ဆက်လာတာကြောင့် Jimin လည်း ပြန်နှုတ်ဆက်ရသည်။ ဒါပေမယ့် သေချာကြည့်ရင် သူ့သူငယ်ချင်း TaeHyung နဲ့ တူသည့်အရာက သိပ်မရှိပါပေ။

"ဒါနဲ့ Hobi Hyung ဘယ်လိုဖြစ်ပြီး ချစ်သူချက်ချင်းရသွားတာလဲ။ လူပျိုကြီးလုပ်မှာဆို"

"ဒီလူဆိုးလေးက အငယ်လေးရဲ့အစ်ကိုကို အကြွေးနဲ့သိမ်းထားလိုက်လို့လေ။ ဟုတ်တယ်မလား မောင်"

"ဟုတ်ပါတယ်ဗျာ။ ကိုယ် ညီလေးရဲ့အစ်ကိုကို အကြွေးနဲ့ သိမ်းထားလိုက်တာပါဗျ"

Hobi ဆိုးတဲ့အတိုင်း လိုက်ဆိုးပေးနေတဲ့ King က Hobi ကို အတော်လေးချစ်တယ်ဆိုတာ သိပ်ကိုသိသာလွန်းပါသည်။

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Onde histórias criam vida. Descubra agora