《 7 》

8.4K 730 107
                                    

《 KIM TAEHYUNG + PARK YOONGI 》

          《 Happy Wedding Day 》

"Hyung တို့ကလည်း ပေးသွားပါဗျာ။ ကျွန်တော် အကို့ကိုမတွေ့ရတာ ကြာနေပြီဗျ"

"မရဘူး Kim TaeHyung။ ခဏနေပွဲစရင်တွေ့ရမှာကို ဘယ်လိုဖြစ်နေတာလဲ"

"Jin Hyung တို့တုန်းက အဲ့လိုခွဲမနေရတော့ ပြောနိုင်တာပေါ့ဗျာ"

မင်္ဂလာမဆောင်ခင် တစ်ပတ်အလိုလောက်တည်းက သူတို့ကိုတွေ့ခွင့်ပိတ်လိုက်တာကြောင့် Kim TaeHyung မှာ မင်္ဂလာမဆောင်ခင်လေး သွားခိုးတွေ့ဖို့ကြံပေမယ့် Seok Jin နဲ့ Nam Joon က သူ့အခန်းရှေ့မှာ ရပ်စောင့်နေတာကြောင့် TaeHyung ပြဿနာရှာနေခြင်းပင်။

"ငါအမေတို့ကို သွားပြောလိုက်မှာနော်။ ငြိမ်ငြိမ်ပြန်ထိုင်နေစမ်း TaeHyung"

"Nam Joon Hyung ရယ်မနေနဲ့။ ကူပြောပေးလေဗျာ"

Nam Joon က ပါးချိုင့်နှစ်ခုထင်းနေအောင် ရယ်ရင်းနှင့် ခေါင်းခါပြလာသည်။

"မင်းကိုတားနေတာ Hyung ရဲ့ ချစ်ယောကျာ်းလေ။ ဘယ်လိုကူပြောပေးနိုင်မှာလဲကွာ။ အချစ်ပြောတဲ့အတိုင်း ငြိမ်ငြိမ်သာ ပြန်ထိုင်နေလိုက်ပါ"

"အကိုရေ!! ကျွန်တော့်ကို ဒီအတွဲအနိုင်ကျင့်နေကြတယ်ဗျာ။ အကိုကလွဲပြီး ကျန်တဲ့လူတွေ ကောင်းကိုမကောင်းဘူး!!"

TaeHyung အော်ဟစ်ကာ ပြန်ထိုင်နေလိုက်ရသည်။ အနိုင်ကျင့်နေသည့် Seok Jin တို့စုံတွဲကတော့ ရယ်နေကြသည်။ Yoongi ဘက်မှာတော့ Hoseok နဲ့ Jimin တို့စုံတွဲက ရပ်စောင့်နေသည်။

"TaeHyung တယောက် ခိုးထွက်လာလို့မရလို့ သောင်းကျန်းနေပြီတဲ့"

Jimin စကားကြောင့် Hoseok နဲ့ Jung Kook က ရယ်နေပေမယ့် Yoongi က ခေါင်းသာခါမိသည်။ သူတော့ ကလေးလေးတစ်ယောက်နဲ့ လက်ထပ်တော့ရမှာပဲ။

"Hyung ဖုန်းခဏထွက်ပြောလိုက်အုံးမယ်။ အငယ်လေးနဲ့ Jung Kook သေချာစောင့်ထားနော်။ မဟုတ်ရင် Yoongi Hyung TaeHyung ဆီ ပြေးသွားလိမ့်မယ်"

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now