နေရဲ ပြောပြီးပြီးချင်း ထိုသတင်းစာရှင်းလင်းပွဲမှ ထထွက်သွားလေသည်..ရှိုင်းလည်း နေရဲ နောက်သို့ အမီလိုက်သွားတော့သည်...
နောက်မှ မီဒီယာသမားများ၏ မေးခွန်းပေါင်းသောင်းခြောက်ထောင်ကတော့ အဖြေမရှိ..
...
°°°°°°°°°°°°°°°°°°
"ပိုင်ဇေ ငါ ရှယ်ယာရှင်တွေကို အရေးပေါ်အစည်းအဝေးခေါ်လိုက်ပြီ"
"omm..သူတို့ရဲ့သဘောထားတွေထပ် ဦးအဂ္ဂကို ထုတ်ဖို့ဖိအားပေးရမှာပဲ"
"ဒါက လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်..ဟိုတခါရှယ်ယာစျေးတွေထိုးကျတုန်းကလည်း သူကူညီထားတာဆိုတော့"
"မတတ်နိုင်ဘူးလေ..သူကခု jailထဲအောင်းဖို့ကသေချာသလောက်ဖြစ်နေပြီလေ"
"အွန်းပါ..အစည်းအဝေးစတော့မယ်..သွားရအောင်"
"အင်း"
______________
ရှယ်ယာရှင်အစည်းအဝေး..
"ကျနော် အရေးပေါ်အစည်းအဝေးခေါ်ရတဲ့အကြောင်းအရင်းကို လူကြီးမင်းတို့လည်းခန့်မှန်းမိပြီးသားဖြစ်မှာပါ..ခု ဦးအဂ္ဂက ထိန်းသိမ်းခံထားရပါတယ်...အဲ့တာကြောင့် သူ့ကို ဒီCompanyရဲ့ ရှယ်ယာရှင်အဖြစ်ကနေ ထုတ်ပယ်ဖို့ လူကြီးမင်းတို့အားလုံးရဲ့ သဘောထားကိုသိချင်ပါတယ်"
"Uncleအနေနဲ့ကတော့ သဘောတူပါတယ်..ခုက သူ့ကြောင့်Companyရဲ့imageလည်းထိခိုက်နေတာဆိုတော့ သူ့ကိုထုတ်ပယ်မှ အဆင်ပြေမယ်ထင်ပါတယ်"
"အန်တီကတော့ နည်းနည်းပြန်စဥ်းစားစေချင်ပါတယ်..သူကဟိုတခါ Companyရဲ့ အရေးပေါ်အခြေအနေမှာ ကူညီပေးထားတာဆိုတော့"
နေရဲ ရှယ်ယာရှင်တွေရဲ့သဘောထားများကိုနားထောင်ပြီးနောက်...
"ကောင်းပါပြီ..အဲ့တာဆို ကျနော်တို့ မဲခွဲဆုံးဖြတ်ကြတာပေါ့..လူကြီးမင်းတို့ရှေ့က LaptopထဲကPollမှာ ဦးအဂ္ဂကို ထုတ်ပယ်ဖို့ဆန္ဒပြုတယ်ဆို yesကိုနှိပ်ပါ မထုတ်ပယ်စေချင်ရင်တော့ Noကိုနှိပ်ပါ....ပီးရင် အဲ့တာတွေကို ကျနော့်Laptopဆီmailပို့ပေးပါ..ရလဒ်ကို ကျနော် LED screenပေါ်မှာပြပေးပါ့မယ်"
ESTÁS LEYENDO
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Novela Juvenilကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......
Part-24{Unicode}
Comenzar desde el principio
