"ဖြည်းဖြည်းဆွဲပါဟ..ခွန်ကောင်းရ..ငါ့လက်မောင်းကြီးပြုတ်ထွက်သွားပါဦးမယ်"
နေရဲနှင့်ရှိုင်း အဆင်ပြေစေရန်ဆုတောင်းနေသော ဇွဲလေးတစ်ယောက် ခွန်ကောင်း ဆွဲခေါ်ရာသို့ ဖရိုဖရဲနှင့် တရွတ်တိုက်ပါသွားလေသည်....
•°•°•°•°•°•°•°•°•°•
သတင်းစာရှင်းလင်းပွဲ..
"ဒီမနက်ဖြစ်သွားတဲ့ ဦးအဂ္ဂကိစ္စက ကျနော်တို့Companyနှင့်လုံးဝပတ်သက်မှုမရှိပါဘူးခင်ဗျာ..ကျနော်တို့လည်းဒီကိစ္စကို လူကြီးမင်းတို့သိတဲ့အချိန်မှသာ သိရတာပါ"
နေရဲနှင့်ရှိုင်းအား ကင်မရာတဖျက်ဖျက်နှင့်ရိုက်သူကရိုက်၊နေရဲပြောသောစကားများကို noteထဲရေးမှတ်သူကမှတ်နှင့် မီဒီယာသမားများလည်းအလုပ်ရှုပ်နေကြသည်...
ထို့နောက် Journalistတစ်ယောက်မှ မတ်တပ်ရပ်ကာ...
"ကျနော် တစ်ခုလောက်မေးခွင့်ရှိမလားဗျ"
"ဟုတ်ကဲ့ မေးပါ"
"ဦးအဂ္ဂက ဒီCompanyက တတိယမြောက်ရှယ်ယာအများဆုံးပိုင်ရှင် ဆိုတော့ ဒီကိစ္စတွေကြောင့် သူ့ကိုရှယ်ယာရှင်နေရာကနေ ထုတ်ပယ်မှာလားဗျ"
"ဟုတ်ကဲ့..ဒီကိစ္စကိုတော့ ကျနော်တို့ ရှယ်ယာရှင်အစည်းအဝေးခေါ်ပြီး shareholdersတွေရဲ့သဘောထားကိုမေးပြီး ဆုံးဖြတ်ချက်ချရမှာပါဗျ"
ထိုJournalistမေးပြီးနောက် နောက်ထပ်Journalistတစ်ယောက်က မတ်တပ်ရပ်ကာ...
"ကျနော်လည်း တစ်ခုလောက်မေးချင်ပါတယ်"
နေရဲက ထိုJournalistအား မေးပါ ဆိုသည့်သဘောနှင့် ခေါင်းညိမ့်ပြလိုက်သည်...
"ခုကိစ္စကြောင့် CEOနဲ့ ဦးအဂ္ဂရဲ့သမီး လရောင်မေ တို့ရဲ့ စေ့စပ်ပွဲကိစ္စကရော.."
"ကျနော် ဒီကိစ္စတွေကို ဘာမှသေချာမဆုံးဖြတ်ရသေးတဲ့အတွက် တိကျတဲ့အဖြေမပေးနိုင်သေးပါဘူးဗျ...ခုသတင်းစာရှင်းလင်းပွဲလုပ်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကလည်း ဦးအဂ္ဂရဲ့ကိစ္စက ကျနော်တို့Companyနဲ့လုံးဝပတ်သက်မှုမရှိဘူးဆိုတာကိုဖြေရှင်းချင်လို့ပါပဲ..ဒီလောက်ပါပဲဗျ.."
YOU ARE READING
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Teen Fictionကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......
Part-24{Unicode}
Start from the beginning
