အပိုင်း - ၄၇ (Zawgyi + Unicode)

Start from the beginning
                                    

ရှောင်လင်းဆွံ့အသွားတယ်။ “သခင် တစ်ယောက်ယောက်ကို ရိသဲ့သဲ့လုပ်တော့မယ်ဆိုရင် တခြားစာကြောင်းလေးကြိုးစားပြီး ရွေးလို့မရဘူးလား? အချိန်တိုင်း ဘယ်လိုဇာတ်ကွက်ပဲဖြစ်နေနေ ဒီစာကြောင်းချည်းပဲ! မငြီးငွေ့ဘူးလား?”

ပိုင်ရန်လည်း ဆွံ့အနေရတယ်။ “ဘယ်သူကရော ပြိုင်ဘက်ကင်းတဲ့စာကြောင်းတွေရွေးဖို့ အချိန်ရနေလို့လဲ? ငါကသူမနဲ့လည်း ‘တကယ်ကြီး’ကလူကျီဆယ်နေတာမှမဟုတ်တာ… မင်းကငါ့ကို အဲ့လိုနှာဘူးလို့များ တကယ်တွေးနေတာလား?”

ရှောင်လင်း “သခင်က နှာဘူးမဟုတ်ဘူးဆိုပေမယ့် ရှဲ့ဇီထျန်းကတော့ သူ့မောင်းမဆောင်အတွက် လူတွေစုတယ်လေ၊ မောင်းမဆောင်ကြီးထောင်နိုင်တဲ့လူတစ်ယောက်လိုမျိုးလေးပဲ ဟန်ဆောင်ပေးလို့မရဘူးလား?”

“မင်းအဲ့လောက်တော်နေတယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ်လုပ်နေ!”

သူ့ခေါင်းထဲမှာ နှစ်ယောက်သားရန်တွေဖြစ်နေကြတယ်။

ချင်းဟယ်စကားပြောလာတယ် “အရှင် ကျွန်တော်မျိုးမမှာ ပြောစရာရှိနေပါတယ်”

ပိုင်ရန်လက်ကို ဝေ့ယမ်းလိုက်ကာ “မင်းဘာပဲလိုချင်ချင်ပါ ကလေးရေ၊ ကိုယ့်ရဲ့အာဏာအတွင်းမှာရှိနေရင် ကိုယ်လုပ်ပေးမယ်”

သူမတစ်ခုခုလိုချင်မယ်ဆိုတာ သူတွေးပြီးသား။

“အရှင်က ဒီလိုပြောလာတော့ တော်ပါသေးရဲ့” ချင်းဟယ် ကျက်သရေရှိစွာ ဦးညွှတ်လိုက်ပြီး “အရှင့်အတွက် ကျွန်တော်မျိုးမမှာ သတင်းစကားပါရှိပါတယ်”

‘ဘာကြီး?’

‘ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီး?’

သူကိုယ်တိုင်ပြောလို့မရတာကြောင့် အလှလေးကိုပို့လိုက်ပြီး သတင်းစကားပါးလိုက်တာလား?’

“ပြောလေ” ပိုင်ရန်အလေးအနက်ဖြစ်သွားတယ်။

“အရှင်ကြီးမှာကြားလိုက်တာက အနာဂတ်မှာ အရှင့်ကိုတာဝန်ယူစရာတွေပိုပေးလာတော့မှာဖြစ်တာကြောင့် အရှင့်ရဲ့အလုပ်မှာပဲ အာရုံစိုက်ဖို့မျှော်လင့်ပြီး တဏှာမှာပဲမွေ့လျော်ပြီး အာရုံမပျံ့စေချင်ဘူးတဲ့” ချင်းဟယ်နူးညံ့စွာပြောလိုက်တယ် “အရှင်ကြီးက ကျွန်တော်မျိုးမကို အရှင့်ကိုကြီးကြပ်ပေးနိုင်ဖို့ဆိုပြီး လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်၊ ကျွန်တော်မျိုးမကို အရှင်ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now