"လာ...''
လင်းမိုက ခုတင်ဘေးတွင် ထိုင်လိုက်ပြီး လီချန်းယုံကို သူ့ထံသို့ ဆွဲပွေ့ကာ ခေါ်လိုက်သည်။

လီချန်းယုံသည် လင်းမိုဆီသို့ အလိုက်သင့်ပါသွားကာ လင်းမိုက သူ့ကို ခုတင်၏ဘေးတွင် မတ်တပ်ရပ်စေသည်။

လင်းမိုက သူ့၏ခါးကို ဖက်ထားကာ လီချန်းယုံကို မော့ကြည့်သည်။ လင်းမိုဆီက တက်မက်ခြင်းတို့ရောယှက်နေသော အကြည့်တို့ကြောင့် လီချန်းယုံနေရခက်လာသည်။

"ချွတ်လိုက်!...အားယုံ''

လင်းမိုက သူသိုင်းဖက်ထားသော လက်များကို ဖြေလျော့ပေးပြီး လီချန်းယုံကို အမိန့်မဆန်စွာ စေခိုင်းလိုက်သည်။

လင်းမို ဖြစ်စေချင်နေသော အရာကို သူသိလိုက်ပြီ ဖြစ်သည်။ သူ၏ ရှေ့တွင် လီချန်းယုံကို ဝတ်ရုံတစ်လွှာချင်း ချွတ်ချရန်ပြောနေခြင်း ဖြစ်သည်။ သူထိုသို့ချွတ်နေသည်ကို လင်းမိုကြည့်နေမည်ဖြစ်သည်။

အား...
အတွေးထဲတွင် လီချန်းယုံ၏ လိပ်ပြာလေးမှာ အကြိမ်ကြိမ်အော်မြည်နေချေသည်။

"ချွတ်လေ...အားယုံ''
လင်းမိုက တိုးညင်းစွာ ထပ်ပြောသည်။ သို့သော် သူ၏ အသံမှာ အမိန့်ကိုငြင်းဆန်မရအောင်ပင် ညို့ငင်ဓာတ်တို့ ပါလွန်းသည်။

"အင်း...''
သူထိုအမိန့်ကို မငြင်းဆန်ရဲသည်လား မငြင်းဆန်လိုသည်လား မပြောတတ်။

လီချန်းယုံ၏ လက်ဖြူဖြူရှည်ရှည်သွယ်သွယ်တို့်မှာ သူ၏ ပြေလျော့လျော့ အပေါ်ဝတ်ရုံက ခါးစည်းဆီသို့ ဦးတည်သွားသည်။

လင်းမိုကသူ့ကိုကြည့်နေရုံပဲ ရှိသည်။သူ့ကို ဘာမှမတို့မထိ။

အပေါ်ဝတ်ရုံရှည်ကြီးကို လီချန်းယုံ ချွတ်ချလိုက်သည်။ ပိုးသားဝတ်ရုံက ကြမ်းပြင်ပေါ်ပုံ့ခနဲကျသွားသည်။

လင်းမိုက ကျွတ်ကျသွားသော ဝတ်ရုံကို အာရုံဝင်စားခြင်းမရှိဘဲ လီချန်းယုံကိုသာ စိုက်ကြည့်နေသည်။ ထိုအကြည့်တို့က တပ်မက်ခြင်းအငွေ့တို့ အခိုးရိုက်နေသလို သူ၏ မျက်ဝန်းထဲတွင် ဝေ့ဝဲနေသည်။ ထိုသို့ အကြည့်ခံနေရ၍လည်း လီချန်းယုံ၏ ပါးပြင်မှာ ရဲသထက်ရဲလာခြင်း ဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now