အပိုင်း ၂၄

1.3K 75 11
                                    

Zawgyi

သူတမင်ကိုအကျင့်ယုတ်တယ်ဆိုတာရာရာသိပါသည်။သို့ပေမဲ့သူ့ရဲ့စကားကိုမငြင်းဆန်ချင်

မငြင်းဆန်ချင်ဆိုတာထက်မငြင်းဆန်ဝင့်တာ ငြင်းမယ်ဆိုရင်မောင်မင်းကြီးသားကစိတ်ဆိုးအုံးမည်။ထိုအခါမိမိကပဲသူစိတ်ဆိုးပြေအောင်ချော့ရမော့ရပေမည်။

ဒါကြောင့်သူတောင်းဆိုတဲ့အရာကိုရာရာလက်ခံလိုက်ခြင်းဖြစ်သည်။တကယ်ဆိုရင်ဒီနေ့ ကျော်သီဟနဲ့ချိန်းထားတာမဟုတ်လား သူ့ရဲ့အကြိုက်လိုက်ပြီးမတွေ့တော့ဘူးဆိုပြီးပြောထားပေမဲ့ သီဟကိုတော့မပြောရသေး

"မင်းအိမ်ကိုဘာလုပ်ဖို့သွားမှာလဲ "

"ကိစ္စရှိလို့ပေါ့ လာစမ်းပါ ဒီနေ့တစ်နေ့လုံးအတန်းချိန်တွေမရှိဘူး "

ပြောကာရှေ့မှဦးဆောင်ပြီး ခေါ်လာတော့ ရာရာလဲနောက်မှကန့်လန့် ကန့်လန့်နဲ့ပါသွားရသည်။

တက္ကစီကိုငှားပြီးကားနဲ့ပါလာခဲ့သည်။ကားဆရာကိုသူဘယ်မောင်းခိုင်းထား၍ဘယ်ကိုမောင်နေတယ်ဆိုတာရာရာမသိ အရင်တစ်ခေါက်ကသူ့အိမ်ကိုပြန်တဲ့လမ်းတော့မဟုတ်တာသေချာသည်။

"ထင်စည် ဘယ်ကိုသွားမှာလဲ မင်းအိမ်ဆို "

"မင်းကိုငါခေါ်လာတာငါ့အိမ်ကိုလို့မပြောမိပါဘူး မင်းငါနဲ့လိုက်ခဲ့ရမယ်ဆိုပြီးခေါ်လာတာ "

"ဟမ် ဒါဆိုဘယ်သွားမှာလဲ "

"မင်းကိုကားတင်ပြေးတယ်လို့ထင်ရအောင်လဲ မင်းကမိန်းကလေးမဟုတ်ဘူး "

"အဲလိုမဟုတ်မှန်းတော့သိတာပေါ့ ဘယ်ဆိုတာငါ့ကိုပြောပြတော့ဘာဖြစ်မှာမို့လဲ "

"ရောက်ရင်သိလိမ့်မယ် သေချာတာကမင်းပျော်လိမ့်မယ်ဆိုတာပဲ "

မပြောဘူးဆိုရင် ဘယ်လောက်ပဲမေးမေး လေသာကုန်သွားမယ် သူ့ဆီကသိချင်တဲ့အဖြေမရနိုင်ဘူးဆိုတာရာရာသိသည်။ဒါကြောင့်သူ့ကိုမျက်စောင်းထိုးလိုက်ပြီးဘာစကားမှမဆိုတော့ချေ။

ဂျန်းရှင်းစကွဲ ရဲရှေ့ကိုရောက်တော့ကားကိုရပ်ပေးလိုက်ပြီးမင်းထင်စည်ကားပေါ်မှဆင်းသွားသည်။ ရာရာလဲသူ့ကိုကြောင်ပြီးကြည့်နေရင်း သူကလက်ပြကာဆင်ဖို့ခေါ်နေသည်။

မင်းကို ချစ်တယ် Completed(Z / U)Where stories live. Discover now