အပိုင်း ၁၄

1.8K 69 2
                                    

Unicode

သူပြောလိုက်တာများသွားတယ်လို့ပြောပြီးမှသူနားလည်လိုက်သည်။

တကယ်ဆိုရင်ဒီလောက်ကြီးပြောသင့်ဘူးဆိုတာသူသိပါသည်။ဒါပေမဲ့သီဟသူတို့ကိုအထင်လွဲသွားမှာစိုးရိမ်တာကြောင့်သူ့ကိုစိတ်တိုသွားခဲ့တာပါ

စိုးရိမ်တဲ့အတိုင်းလဲသီဟသူတို့ကိုအထင်လွဲသွားခဲ့တော့ဒေါသကသူ့အပေါ်ပုံကျသွားသလိုပင်ဖြစ်သွားသည်။

"မင်းငါ့ကိုမောင်းထုတ်ပြန်ပြီနော်မင်းလကျ်ာ.."

ဆိုတဲ့သူ့ရဲ့စကားကိုပြန်ကြားရင်းစိတ်မကောင်းတော့ဖြစ်မိသည်။
ဒီတစ်ခါတော့သူ့ဘက်ကဘယ်နည်းနဲ့မှစပြီးခေါ်ဖို့မရှိနိုင်တော့ဘူးဆိုတာရာရာသိလိုက်ရ၍အခွင့်သင့်ရင်သူ့ဘက်ကစပြီးပြောဖို့ရာရာဆုံးဖြတ်ထားပြီးသားပါ..

"အားလုံးမဂ်လာပါနော်.."

"မဂ်လာပါတီချယ် "

အတန်းထဲသို့ဆရာမဝင်လာကာနှုတ်ဆက်တော့အားလုံးမတ်တပ်ရပ်ကာနှုတ်ဆက်လိုက်ကြသည်။ဒီတော့ဆရာမကသူတို့ကိုကိုယ့်ထိုင်ခုံမှာ​ပြန်ထိုင်ဖို့ပြောတော့အားလုံးထိုင်လိုက်ကြသည်။
ဆရာမကပဲအတန်းကိုကြည့်ကာဆက်ပြောသည်။

"ဆရာမကတော့ grade 10 အခန်း Cရဲ့အတန်းပိုင်ဆရာမဒေါ်မို့မို့ခင်ပါ အခန်း Cဆိုတာ
ဘယ်ကျောင်းသားမှမနေချင်တဲ့အခန်းပါ ဘာကြောင့်ဒီအခန်း Cကိုရောက်ရလဲဆိုတဲ့အကြောင်းကိုလဲအားလုံးသိထားကြမှာပါ "

ဆရာမကတော့အေးအေးဆေးဆေးပင်သူတို့ကိုပညာသားပါပါဆုံးမနေသည်။
ဆရာမပြောတဲ့အဖြေကိုရာရာနည်းတူကျောင်းသူ၊ကျောင်းသားအားလုံးလဲသိကြမှာပါ။

အခန်းAဆိုတာတော့ကျောင်းရဲ့အတော်ဆုံးဆိုတဲ့ကျောင်းသားတွေနေရတဲ့အခန်းဖြစ်သည်။အခန်းBကတော့အသင့်အတင့်တော်တဲ့ကျောင်းသားတွေအတွက်ဖြစ်ပြီးအခန်းCကတော့အညံ့ဆုံးကျောင်းသားတွေအတွက်ဖြစ်သည်။

ကျောင်းမဖွင့်ခင်စာမေးပွဲအကြိုဖြေခဲ့ပြီးထိုရလဒ်အရအဆင့်ခွဲကာအခုလိုအဖြေများထဖ်က်လာခြင်းပင်။

ရာရာရဲ့ဘာသာပေါင်းရလဒ်ကအောင်မှတ်ကအများဆုံးဖြစ်ပြီးသချ်ာမှာတော့ ၁၀မှတ်အောက်၌သာရှိတဲ့အထိဆိုးရွားခဲ့သည်။
ထို့ကြောင့်သူနေရမဲ့အခန်းကCဆိုတာတွက်ထားခဲ့ပြီးသားပါ။ထိုနည်းတူ ခန့်ပိုင်လဲ Cခန်းမှာပဲကျ၍သူတို့အဖော်အပေါင်းတွေပြန်ဆုံသည့်ပျော်ရွှင်မှုတော့ရခဲ့သည်။

မင်းကို ချစ်တယ် Completed(Z / U)Where stories live. Discover now