အပိုင်း ၁၃

1.6K 82 5
                                    

Unicode

ကျောင်းတွေပြန်ဖွင့်ကြတော့ရာရာသူ့ကိုရင်ဆိုင်ဖို့ခက်နေသည်။အထူးသဖြင့်သူနဲ့နှစ်ယောက်ထဲပဲအခန်းထဲရှိတဲ့အခါမျိုးဆိုရင်ရာရာကပဲအပြင်သို့ဘာရယ်မဟုတ်ထွက်သည်။
အဲဒီနေ့ကကူညီတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောချင်ပေမဲ့မပြောဖြစ်သေး..
ငယ်ငယ်ကအရမ်းခင်ခဲ့ကြတဲ့သူဆိုပေမဲ့အခုချိန်မှာဘာမှသူမမှတ်မိ။
ငယ်ငယ်ကအတူတူရိုက်ထားဖူးတဲ့ဓာတ်ပုံကိုတီမြထုတ်ပြ၍သူမြင်ဖူးသည်။
အခုသာရာရာထက်ခေါင်းတစ်လုံးလောက်ပိုမြင့်နေတဲ့သူ့အရပ်ကငယ်ငယ်တုန်းကတော့သူနဲ့မကွာပေ။
သူကတောင်ပိုပြီးညှပ်နေသလိုလိုထင်ရသည်။
အခုတော့ရာရာမှာသူနဲ့တွေ့ရင်မော့ပြီးကြည့်ကာစကားပြောရတဲ့အထိသူအရပ်ရှည်လာသည်။
ပြီးတော့ခန္ဓာကိုယ်ကလဲထွားကြိုင်းပြီးလူပျိုကြီးတစ်ယောက်ပမာ။သို့သော်လဲသူ့ပုံစံနဲ့မျက်နှာကတော့ကလေးရုပ်မပျောက်သေးသလိုလို..
နို့နံ့မစင်သေးသလိုလိုပါပဲ..
"မင်းလကျ်ာ..မသွားသေးဘူးလား.."
"ဘယ်ကိုလဲ.."
ကျော်စွာရဲ့စကားကြောင့်ရာရာနားမလည်ပဲပြန်မေးလိုက်ရသည်။
မနက်ဖြန်ဆိုကျောင်းတော်ကြီးစတင်ဖွင့်တော့မှာဖြစ်သည့်အတွက်ဒီနေ့တော့အဆောင်မှာပဲနားနေဖို့လုပ်နေခြင်း..
"ကျောင်းပိတ်တဲ့နှစ်ရက်အတွင်း..အဆောင်မှာအမှိုက်တွေရှုပ်နေလို့အမှိုက်သန့်ရှင်းရေးလုပ်ရမှာလေ..ကျောင်းသားအားလုံးတောင်အောက်မှာစုလို့နေလောက်ပြီ.."
ဟုတ်သည်။..
ကျောင်းသန့်ရှင်းရေးလုပ်ဖို့ကျောင်းသားတွေကိုတာဝန်ပေးထားတာရာရာမေ့နေခြင်းပင်။
ဒါကြောင့်လဲအခန်းထဲမှာသူနဲ့ကျော်စွာကလွဲရင်ဘယ်သူမှရှိမနေတာပဲဖြစ်မည်။
ရာရာခေါင်းကိုကုတ်ကာကျော်စွာကိုပြုံးပြလိုက်ပြီးပြောသည်။

"ငါမေ့နေလို့..ခဏစောင့်အုံးနော်..ငါလက်ရှည်ထပ်ဝတ်လိုက်အုံးမယ်.."

"အေး.."
တစ်ခွန်းတည်းသာဆိုပြီးရာရာကိုစောင့်လို့နေသည်။ရာရာကလဲအဝတ်အစားအိတ်ထဲမှအကျီလက်ရှည်အပြာအကွက်လေးတစ်ထည်ကိုထုတ်ကာဝတ်လိုက်သည်။
ကျော်စွာကသူ့ရဲ့ဘေးသို့တစ်စုံတစ်ခုကောက်လိုပ်ပြီးရာရာထံပေးကာပြောသည်။

မင်းကို ချစ်တယ် Completed(Z / U)Where stories live. Discover now