အပိုင်း ၂၁

1.7K 91 8
                                    

Zawgyi

"ငါအစကတည်းကပြောသားပဲ ငါကဥာဏ်မကောင်းပါဘူးဆို တော်ရုံနဲ့လဲနားမလည်ဘူး အထူးသဖြင့်အခုလို ဦးနောက်သုံးပြီးတွက်ရတဲ့သခ်ျာဆိုရင်ပိုဆိုးတယ် "

စိတ်ပျက်အားငယ်စွာ ညည်းညူနေတဲ့ရာရာကိုမင်းထင်စည်ကြည့်လိုက်သည်။မျက်နှာလေးအား ငယ်ထားပြီး မျက်လုံးလေးတွေမှာလဲ ညှိုးငယ်နေသည်။

သူ့ကိုယ်သူအားငယ်နေတဲ့စိတ်ကသူ့ကိုပို၍သိမ်ငယ်စေသည်။မိမိကိုစာပြပေးမယ်ဆို၍သူရှင်းပြတဲ့ပုစ်ဆာတွေကိုကြည့်နေပေမဲ့ဘာတစ်ခုမှဦးနောက်ထဲမရောက်

ထိုအရာကားပိုဆိုးသည်မဟုတ်လား
သင်တဲ့သူကလေးလေးနက်နက်နဲ့သင်ပေးနေပေမဲ့ရာရာရဲ့အာရုံထဲမှာစာဆိုတာရှိမနေ၊စိတ်ကိုကြိုးစားကြည့်၍ စာကိုကြည့်သော်လဲမြင်တယ် ကြားတယ်ဆိုရုံမျှသာ၊မှတ်ဉာဏ်သို့မရောက်ရှိ

"ဒီ အီကွေးရှင်းကိုသေချာကြည့် ပုံသေနည်းအရဘယ်ပုံသေနည်းသုံးရမလဲဆိုတာအရင်စဉ်းစား ပုံသေနည်းကိုသိရင်ရပြီလေ "

သူကတော့ရှင်းပြနေပေမဲ့ရာရာကတော့ခေါင်းကိုသာကုတ်၍စိတ်ပျက်နေသည်။ခေါင်မိုးထပ်မီးအလင်းရောင်များကြားမှာတောင်သူ့ရဲ့မျက်လုံးတွေကမလင်းလက်နိုင်ခဲ့

"မင်းကိုကျေးဇူးတင်ပါတယ် ဒါပေမဲ့ငါ့ကိုငါသိပါတယ် ငါဘယ်လောက်ပဲလေ့လာလေ့လာ ငါမသိဘူး "

ရာရာရဲ့စကားကြောင့်မင်းထင်စည်သူ့ကိုကြည့်ကာပြောသည်။

"မင်းဘာတွေ တွေးနေလဲ "

"ဟင် "

"မင်းစိတ်ထဲဘာတွေရှိနေလဲ "

"ဘာလို့လဲ "

"မင်းမသိတာမဟုတ်ပါဘူး မမှတ်နိုင်တာလဲမဟုတ်ဘူး ဉာဏ်မကောင်းဘူးဆိုတာလဲမှားတယ် တကယ်တော့မင်းစာထဲကိုအာရုံမထားတာ "

မင်းထင်စည်ဆိုတာဒီလိုလဲလေးလေးနက်နက်စကားတွေပြောတတ်ပါလားဆိုတာကိုရာရာနားထောင်ရင်းအံ့ဩမိသည်။စတွေ့တုန်းကဆေးခိုးသောက်နေတဲ့သူဟာဒီလိုလေးနက်စွာပြောတတ်လိမ့်မယ်လို့ရာရာထင်မထား

ရာရာထင်ထားခဲ့တာက မင်းထင်စည်ဟာအရာရာကိုပေါ့ပေါ့တန်းတန်းပဲဆုံးဖြတ်ပြီးသူလုပ်ချင်ရာလုပ်တတ်တဲ့သူလို့ပေါ့။

မင်းကို ချစ်တယ် Completed(Z / U)Where stories live. Discover now