အပိုင်း ၂

3.4K 101 3
                                    

Unicode Vs

ဝရန်တာ၌ရပ်နေတဲ့သူ့ကိုမြင်တော့ရာရာသူ့​အနားသို့လာခဲ့သည်။သူကတော့သူ့ဘေး၌ရောက်လာတဲ့ရာရာကိုမြင်ဟန်ပင်မတူ...

တစ်စုံတစ်ခုအားတွေးနေဟန်ရှိတဲ့သူ့အတွေးတွေထဲကိုရာရာဝင်ကြည့်ချင်သည်။
သူဘာတွေတွေးနေတယ်ဆိုတာပြီးတော့သူဘာလုပ်နေတာ၊သူဘာဖြစ်ချင်နေတယ်ဆိုတာအရာအားလုံးကိုရာရာသိချင်သည်။
အိမ်ရှေ့တည့်တည့်မှကားလမ်းပေါ်ကိုမြင်နေရပြီးညဘက်ဆိုတော့မီးရောင်မှိန်ပြပြကို​သာမြင်ရသည်။
"အဟင်း.."

ရာရာသူရောက်နေတာကိုသိရန်ချောင်းဟန့်လိုက်တော့သီဟသူ့ကိုလှည့်ကြည့်ကာပြုံးပြလိုက်သည်။
"ဘယ်တုန်းကရောက်နေတာလဲ.."
ကြည့်ပါလား..
ထင်တဲ့အတိုင်းကိုပဲသူရောက်နေတာကိုမသိခဲ့ဘူး၊ချောင်းဟန့်ပြီးသာသတိမပေးဘူးဆိုရင်ဘယ်အချိန်ထိများတွေဝေနေအုံးမလဲမသိ..
"အခုလေးတင်..ဒါနဲ့ဘာတွေစဥ်းစားနေတာလဲ..ငါရောက်လာတာကိုတောင်မသိရအောင်.."
"ဒီလိုပါပဲ..ကျောင်းတတ်ရတော့မှာဆိုတော့မေမေနဲ့ခွဲရတော့မှာလေ.."
"ဟင်..အဲဒါကိုတွေးပြီးဝမ်းနည်းနေတာပေါ့.."
"ဝမ်းနည်းတယ်လို့လဲမဟုတ်ပါဘူး.."
"မင်းကမင်းအမေကိုသိပ်ချစ်တာပဲနော်.."
"ငါ့မှာငါရင်းရင်းနီးနီးတွယ်တာစရာဆွေမျိုးဆိုလို့ငါ့အမေတစ်ယောက်ပဲရှိတော့တာ.."
"မင်းကတော်ပြီးသားပါ..ဒါလေးလောက်ကိုတော့ကျော်ဖြတ်နိုင်မှာပါ.."

ရာရာသူ့ကိုပြောကာပြုံးလိုက်သည်။ပြီးနောက်ကြယ်လေးတွေရှိတဲ့ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
လေပြေတချက်တိုးဝေ့လာတာကြောင့်အေးခနဲဖြစ်သွားပြီးဂျိုင်းပြတ်အကျီလေးသာဝတ်ထားတဲ့ရာရာလက်ကိုပိုက်မိသွားသည်။

"အဟင်း..မင်းကတော့အေးဆေးပဲနော်.."
"မအေးဆေးပါဘူး..ငါလဲမင်းလိုပဲတီမြနဲ့ဖေဖေ့ကိုခွဲပြီးမနေချင်ဘူး..ဒါပေမဲ့၊ငါတို့ဘဝရဲ့ပညာရေးအတွက်ခွဲရမှာပဲလေ..ဝမ်းနည်းပြီးနေရတာငါမကြိုက်ဘူး..အမြဲတမ်းကြိုးစားပြီးပြုံးထားတယ်..အဲလိုလေ.."
ရာရာကသွားပေါ်အောင်ပြုံးပြကာပြောတော့သီဟသူ့ကိုကြည့်ကာပြုံးလိုက်သည်။

"အဲလိုအမြဲပြုံးနေစမ်းပါ..စိတ်ထဲကမပါရင်တောင်ပြုံးထား..တခါတလေကျ..
မျက်နှာအမူအရာလိုက်ပြီးစိတ်ကလဲပြောင်းလဲတတ်တယ်.."
"အင်း..ဒါနဲ့မင်းသိပြီးပြီလား.."
"ဘာကိုလဲ.."
"ဆယ်တန်းတတ်ဖို့အတွက်ဒီအိမ်ကိုမင်းဖေဖေ့ရွာကကောင်မလေးတစ်ယောက်ရောက်လာမယ်တဲ့.."
"ဒီအိမ်ကို.."
"အစကတော့ဒီအိမ်ကိုပဲ..ဦးလေးကငါတို့နေတဲ့အဆောင်မှာပဲထားပေးမှာတဲ့.."
"မင်းပြောတာကိုငါနားမလည်တော့ဘူး.."
"ဒီလိုကွာ..ဦးလေးရဲ့ရွာကရွာဆွေရပ်မျိုးတစ်ယောက်ကသူ့သမီးလေးကိုဆယ်တန်းတတ်ဖို့ရန်ကုန်ကဦးလေးကိုအကူအညီတောင်းတာ..ဦးလေးကလဲငါတို့နဲ့အတူအဆောင်မှာထားဖို့သူ့အဖေကိုပြောတာသူ့အဖေကလက်ခံတယ်တဲ့.."
"ဪ.."

မင်းကို ချစ်တယ် Completed(Z / U)Où les histoires vivent. Découvrez maintenant