Zawgyi
သူ့မျက်နှာကိုကြည့်ရတာထူးဆန်းနေတယ်လို့ခံစားမိသည်။ခါတိုင်းဆိုရင်စာကိုစိတ်ဝင်တစားနဲ့ရှင်းပြပေးတတ်တဲ့သူ အခုတော့ဟိုငေးဒီငေးနဲ့
ကြည့်ရတာကျော်စွာပြောတဲ့စကားကသေချာနေလောက်ပြီ။
ရာရာနားမလည်၍မေးသည့်စကားကိုပင်ကြားဟန်မတူတဲ့သူ့ရဲ့လက်မောင်းကိုရာရာလှုပ်လိုက်သည်။
ထိုအခါမှသာသူ့ရဲ့မျက်နှာကိုပြင်၍ရှေ့မှစာအုပ်ကိုကောက်ကိုင်ကာစာကိုစိတ်ဝင်ကြည့်နေသည်။သို့သော်သူ့ရဲ့စိတ်ကတော့စာထဲရှိမနေဘူးဆိုတာရာရာသိသည်။
"မင်းဘာမေးမလို့လဲ "
"မင်းတကယ်မကြားလိုက်ဘူးပေါ့ "
"ဟင် "
ရာရာရဲ့အမေးကြောင့်မင်းထင်စည်စာအုပ်ကိုအောက်သို့ပြန်ချလိုက်သည်။ပြီးတော့မျက်နှာကိုတဖက်သို့လွှဲကာတစ်စုံတစ်ရာအားကြည့်နေဟန်
"ကျော်သီဟနဲ့ စကားများကြသေးတယ်ဆို "
သူ့ရဲ့စကားကိုထင်စည်ပြန်မဖြေပဲသူ့ရဲ့မျက်နှာကိုသာကြည့်နေသည်။မျက်နှာကတော့အေးစက်နေသည်။
"ဘာလို့စကားများကြတာလဲ ဘာကိစ္စကြောင့်လဲ "
"ရာရာ "
"ဟင် "
စကားကိုပြန်မဖြေပဲရာရာနာမည်ခေါ်ကာထူးတော့လဲဘာမှပြန်မပြော။ဒီနေ့ည သူ့ရဲ့ပုံစံကအရင်ကပုံစံနဲ့နည်းနည်းမှမတူချေ။အရင်ကမင်းထင်စည်ကပြောစရာရှိတာကိုတိုက်ရိုက်ပြောတတ်ပြီးအခုလိုထေ့ကာထိမ်ချန်ထားခြင်းလဲမရှိပေ
"မင်း ကျော်သီဟကိုတကယ်ကြိုက်လား "
"ဟင် "
မေးမယ့်မေးလာပြန်တော့လဲအဆန်းကြီးမဟုတ်ပါလား။ရာရာဘာပြန်ဖြေလို့ဖြေရမှန်းမသိအောင်ဖြစ်သွားကာသူ့ကိုသာကြည့်နေပြီးဘာမှပြန်မဖြေ
"ငါ သူနဲ့စကားများကြတယ်ဆိုတော့မင်း သူ့ဘက်ကနေ နာနေတာမဟုတ်လား "
"ဟမ် "
"ငါအခုလိုလုပ်နေတာက မင်းတို့ကိုအဆင်ပြေအောင်လုပ်နေတာ မင်းနားလည်လား "
YOU ARE READING
မင်းကို ချစ်တယ် Completed(Z / U)
RomanceUnicode "မင်းကငါ့ရဲ့နံရိုးတစ်ချောင်းကနေဖြစ်တည်လာတဲ့ငါ့ချစ်သူပဲ..မင်းကငါ့ရဲ့အပိုင်ပဲ.." ရှုပ်ထွေးလှတဲ့အချစ်တစ်ခုကိုရွေးချယ်ဖို့ခက်နေသလို၊ဘယ်သူ့ကိုတကယ်ချစ်တယ်ဆိုတာသူကိုယ်တိုင်ပင်မသိပဲဖြစ်နေတဲ့သူ... သူ့နာမည်က မင်းလက်ျာ.. အများကတော့ရာရာလို့ပဲခေါ်တယ် သူ...