လင်းမိုဝင်ရောက်လာသောအခါ ဘုရင်ကြီး၏ နန်းဆောင်အတွက် ညစာအတွက် စားသောက်ဖွယ်ရာများကိုပါပြင်ထားလေသည်။

"ထိုင်ပါ...ကိုယ်တော်က ကျန်းမာရေးကြောင့် ညစာအများကြီးမစားဖြစ်ဘူး။ ဒါပေမယ့် မောင်းမင်းအတွက် စီစဥ်ထားပေးမယ်''

လင်းမိုက ဘုရင်ကြီးလီ၏ ညွှန်ကြားချက်အတိုင်း စားပွဲတွင်ဝင်ထိုင်လိုက်သည်။

"ကိုယ်တော် ခေါ်လိုက်ရတဲ့အ​ကြောင်းရင်းက စကားပြောစရာလေးရှိလို့ပါ။ ''

"ဟုတ်ကဲ့ပါ...အရှင်!''
လင်းမိုက ရိုသေစွာပင် ပြန်ပြောသည်။ ဆယ့်ခြောက်ပြည်ထောင်လုံးတွင် လင်းမိုရိုးကျိုးစွာ ဆက်ဆံသည်မှာ ဘုရင်ကြီးလီတစ်ဦးသာ ရှိသည်။ မည်သူ၏ မျက်နှာကြောင့် လင်းမိုရိုကျိုးနေသည်ဆိုသည်မှာ အထွေအထူး အဖြေရှာရန်မလိုအပ်ချေ။

"အရင်ဆုံး ညစာသုံးဆောင်လိုက်ပါဦး...''

ဘုရင်ကြီးလီက ညစာကို တို့ခနဲဆိတ်ခနဲစားသည်။ ထို့အတူ လင်းမိုသည်လည်း သိပ်မစားပေ။ ထို့ကြောင့် ညစာစားပွဲဝိုင်းမှာ တိတ်ဆိတ်စွာ အချိန်ကုန်ဆုံးသွားသည်။

ညစားစားပြီးနောက် အစေခံများက တည်ခင်းထားသည်များကို ပြန်လည်သိမ်းဆည်းသည်။ ဘုရင်ကြီးလီက အစေခံများထဲမှ တစ်ယောက်ယောက်ကို သူ၏ အိပ်ဆောင်မှ တစ်ခုခုယူလာခဲ့ရန် အမိန့်ပေးလိုက်သည်။ မကြာမီ အစေခံရောက်လာသောအခါ သူ၏ လက်ထဲတွင် အရွယ်အစား အလယ်အလတ်ခန့်ရှိသော ရွှေရောင်သေတ္တာတစ်လုံးပါလာသည်။ ထိုအစေခံက သေတ္တာကိုဘုရင်ကြီးလီထံသို့ တရိုတသေပေးလေသည်။

ဘုရင်ကြီးလီက လင်းမိုကိုကြည့်ရင်းစကားဆိုသည်။
"ကိုယ်တော် မင်းကို ခေါ်လိုက်ရတဲ့အကြောင်းအရင်းက ဒါလေးပေးချင်လို့''

ပြောရင်း ဘုရင်ကြီးလီက အနှီသေတ္တာလေးကို လင်းမိုရှေ့သို့ တိုးပေးသည်။

ထိုသေတ္တာထဲတွင် တန်ဖိုးကြီးသော တစ်စုံတစ်ရာပါမည်ဆိုသည်ကိုတော့ လင်းမိုခန့်မှန်းလိုက်သည်။

"ဖွင့်ကြည့်လိုက်ပါဦး...''

လင်းမိုက ထိုသေတ္တာလေးကို ဖွင့်လိုက်ရာ သူ့ကို အံ့သြသွားစေသည့် အရာတစ်ခုစောင့်ကြိုနေကြောင်း တွေ့လိုက်ရပေသည်။

The True Conqueror [Complete]Where stories live. Discover now